စာစဉ် ၃ (၂၇-၃၀)
Depuis le début
ဝရန်တာမှာသာ ထိုင်ပြီး အစထဲက စကားတစ်ခွန်းမှ ပြောမလာသော ဂူယူရှန်းကို သတိထားမိသည့် လူတစ်ယောက်က ‌မေးလာတော့သည် ။
“အစ်ကို ဂူ ကျွန်တော်တို့နဲ့ မကစားချင်လို့လားဗျ”
သူ့မေးခွန်းဆုံးတော့ လုဘန်ချန်းက စားပွဲအောက်ကနေ ဂူယူရှန်းကို လှမ်းကန်သည် .. အဲ့ဒီနောက် ခပ်အေးအေးအသံအနေအထားနှင့် ..
“မင်း တစ်နေ့ခင်းလုံး ဆေးလိပ်တွေ သောက်နေတာကို‌ရော သတိထားမိရဲ့လား ၊ ခံစားချက် မကောင်းတဲ့ပုံပဲ”
ထိုတွင် ဂူယူရှန်းကို သူတို့နဲ့ မကစားချင်လို့လားဟု မေးတဲ့လူက ထပ်မေးပြန်သည် ။
“ဘာဖြစ်လို့လဲ ဒီမနက် ဘာဖြစ်ခဲ့လို့လဲ ၊
ဘာလို့ မပျော်တဲ့ပုံစံ ဖြစ်နေတာလဲ”
“မသိဘူးလေ”
ဒါကတော့ လုဘန်ချန်းပြောလိုက်တာ ဖြစ်ပြီး
သူက ခပ်တိုးတိုး စကားဆက်သည် ။
“မနက်တည်းက ခံစားချက်မကောင်းတဲ့ပုံပဲ ..မနက်က စာချုပ်လက်မှတ်ထိုးတုန်းက ခင်ဗျား မရှိလို့ မသိလိုက်တာ .. အလုပ်ကိစ္စ ဆွေးနွေးဖို့ လာတာမဟုတ်ပဲ ရန်ဖြစ်ဖို့ လာတဲ့အတိုင်းပဲ ။ အဲ့တုန်းက စာချုပ်ကို စားပွဲပေါ် ပစ်တင်ပြီး စကားတစ်ခွန်းထဲပဲ ပြောတာ”
“ဘာစကားလဲ”
လုဘန်ချန်းက ဆက်ကစားနေပြီး ခေါင်းကို အသာညိတ်ကာ
ပြောသည် ။
“၆၀ ရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်း .. သဘောတူရင် လက်မှတ်ထိုးလိုက် တဲ့”...
“မိုက်လိုက်တာ ...သူ က အဲ့လို ပြောခဲ့တာလား....”
စကားမဆုံးခင်မှာပဲ မိုးကြိုးပစ်သံ ခပ်ပြင်းပြင်းကြောင့် အခန်းထဲမှာ ရှိနေတဲ့ လူအားလုံး အပြင်ကို လှမ်းကြည့်မိလိုက်ကြသည် ....
မိုးက တကယ် ကြီးနေတာပဲ .....
ဂူယူရှန်းကတော့ မတုန်မလှုပ်နဲ့ ဆေးလိပ် ဆက်သောက်နေတုန်း ...။
၆နာရီထိုးသည့်တိုင် မိုးက မရပ်သေးပဲ ပိုတောင်သည်းလာသေးသည် ။ ပြတင်းပေါက်တစ်လျှောက် မိုးရေတွေ စီးကျနေပုံက ရေတံခွန်အသေးစားလို ...
၆နာရီ ၁၀ မိနစ်မှာတော့ ကစားဝိုင်းကတစ်ယောက်က ကိုယ်‌ရေးကိုယ်တာ ကိစ္စနဲ့ပြန်သွားတော့ ဂိမ်းကလည်း ကျန်တဲ့ ၃ယောက်နဲ့ ကစားလို့ မရတာကြောင့် လုဘန်ချန်း ဂူယူရှန်းကို လှမ်းခေါ်လိုက်သည် ။