စာစဉ် ၃ (၂၇-၃၀)
Depuis le début
….
ကျန်းချန်းချန်းနဲ့လင်ရှောင်းကတော့ မနီးမ‌ဝေးက ဆိုဖာမှာ ထိုင်ရင်း စကားပြောလိုက် ကျန်းချန်းချန်းက တစ်ခါတရံ ထထရယ်လိုက်နှင့်ပင် ..။
နာရီဝက်ခန့်အကြာမှာတော့ ပြတင်းပေါက်အပြင်ဘက်မှာ လျှပ်စီးလက်နေမှုတို့က တဖျတ်ဖျတ်.....
ရာသီဥတုက ပိုပိုဆိုးလာပြီး လေကြမ်းကြမ်းတွေတိုက်ခတ်မှုကြောင့် သစ်ပင်တွေက ဟိုယိမ်းသည်ယိမ်းသည်နှင့် မြေပြင်ပေါ် လဲကျတော့မတတ် ။
ခဏအကြာမှာတော့ မိုးတွေ ၀ုန်းဒိုင်းကြဲကာ ရွာလာခဲ့တော့တာကြောင့် မဂ္ဂဇင်းကြည့်နေရင်းကနေ အပြင်ကို ကြည့်မိပြီး
မျက်မှောင်တို့ကို တွန့်ချိုးလိုက်မိတော့သည် ..
ပါတီလုပ်သည့်နေရာက မြို့ဆင်ခြေဖုံးဖြစ်သည့်အပြင် မိုးကလည်း သည်းသည်းမဲမဲ ရွာနေတာကြောင့် တက္ကဆီရဖို့က မလွယ်တော့ ။ 
သူမ တွေးနေမိတုန်း သူဌေးကတော် လု ဆီကို ဖုန်းဝင်လာပြီးနောက် သူမရဲ့အိတ်ကိုဆွဲကာ နှုတ်ဆက်ပြီး ထွက်သွားတော့သည် ။
သူမ ထွက်သွားပြီးပြီးချင်း ကျန်းချန်းချန်းနဲ့ လင်ရှောင်းလည်း ထိုင်ရာက ထလာကာ ...
“အစ်မကူ ညီမတို့လည်း ပြန်တော့မယ်နော်”
ကျန်းချန်းချန်းသည် လင်ရှောင်းရဲ့လက်ကိုချိတ်ကာ အခန်းထဲက ထွက်သွားလေသည် ။ မသွားခင် ...  သူမကို လှည့်ကြည့်ပြီး ကောက်ကျစ်သည့်အပြုံးတစ်ပွင့်ကို ပြုံးပြလာတော့မှ ကျန်းချန်းချန်းသည် မိုးပိုသည်းလာသည့်အချိန်ကို ထိုင်စောင့်နေခဲ့ခြင်းဆိုတာကို သူမ သိသွားတော့သည် ..
သူမက ချင်းကျီအိုက်ကို အိမ်မပြန်နိုင်အောင် လုပ်ခဲ့ခြင်းပင်...
________________________________________
စာစဉ် ၃၊ အခန်း ၂၈။ တခြားလူတွေ ဒုက္ခရောက်နေရမဲ့အစား သူ သေသွားတာက ပိုကောင်းတယ် (10)
ဂူယူရှန်း မာကျောက် ကစားတဲ့နေရာကို ‌ရောက်နေပေမည့် မကစားပဲ ဆိုဖာပေါ်မှာ ထိုင်ပြီး မှောင်မဲနေသည့် မိုးကောင်းကင်ကြီးကို ထိုင်ကြည့်နေတာပင် ...။
ဘေးနားမှာဆူဆူညံညံ လုပ်နေကြပေမည့် သူ လျစ်လျူရှုပြီး တစ်ယောက်ထဲသာ ဆေးလိပ်သောက်နေမိသည် ။