Dearest He-25

718 129 15
                                    

(ZawGyi Ver)

(၅)နှစ်​ခန့်​ကြာ​သော်​~~~

"ခင်​ဗျားအခုချက်​ချင်းမထရင်​ကျ​နော်​ခင်​ဗျား
နှုတ်​ခမ်းကိုနီရဲတွတ်​တဲ့အထိနမ်းမှာ​နော်​!!
Do kyungsoo!!"

မနက်​တိုင်းကြား​နေရသည့်​​အသံသြရှရှနဲ့အတူ
ကျွန်​​တော့်​ကိုယ်​ကသူ့ရင်​ခွင်​ထဲ​ရောက်​သွားသည်​။
အ​ပြောနဲ့အလုပ်​ညီသလိုလက်​ဖဝါး​နွေး​နွေး​လေးက
ပါးနှစ်​ဖက်​ကိုအုပ်​ကိုင်​ပြီး​နောက်​​ရောက်​လာသည့်
အနမ်းခပ်​ပြင်းပြင်းတို့​ကြောင့်​မျက်​လုံးမပွင့်​တပွင့်​နဲ့
မော့ကြည့်​လိုက်​​တော့~~~ပါး​ပေါ်က
လခြမ်း​လေးထင်း​နေတဲ့အထိပြုံးရယ်​ကာ
ကြည့်​​နေတဲ့Jongin...။ ။ရေချိုးပြီးခါစမလို့
မျက်​နှာ​ချော​ချောကလဲကြည်​လင်​ရှင်းသန့်​​နေ၏။ ။

နက်​​မှောင်​သည့်​ဆံပင်​ကိုဆီဖြင့်
လှန်​တင်​ထား၍​​နေ​ရောင်​​အောက်​မှာ
မျက်​ဝန်းညိုညိုတို့ကို​တောက်​ပစွာမြင်​​နေရတယ်​။
။ ​ညှိ့အားပြင်းလွန်းတဲ့အကြည့်​​တွေ​ကြောင့်
ခေါင်း​ရှောင်​လွှဲမိ​တော့သူကခပ်​ဟဟရယ်​၏။ ။

အိမ်​​ထောင်​သက်​ဘယ်​​လောက်​ကြာကြာ
သူရီ​ဝေ​ဝေကြည့်​လျှင်​မ​နေတက်​တာမလို့
ရင်​ခွင်​ကြားကရုန်းကာထလိုက်​သည်​။

"အင့်​...ဘာလုပ်​..."

ခါးက​နေပြန်​ဆွဲခံလိုက်​ရတာ​ကြောင့်
အလန့်​တကြား​အော်​မိ​တော့လက်​ထဲ
ရောက်​လာတဲ့Hyungကိုချစ်​တယ်​လို့
လက်​​ရေးစုတ်​စုတ်​​လေးဖြင့်​​ရေးထားသည့်
Four leaf Clover​လေးတစ်​ရွက်​..။ ။
လက်​ထပ်​တဲ့​နေ့က​နေအခုချိန်​ထိ
မနက်​နိုးလာတိုင်းကျွန်​​တော့်​အတွက်
Four leaf Cloverကိုသူက
တစ်​ရက်​​တောင်​မပျက်​ကွက်​ပဲ
နေ့တိုင်းရှာ​ပေးသဖြင့်​ပင်​ပန်းမှာဆိုး၍
မရှာနဲ့​တော့လို့​ပြောတာလဲမရ။ ။

၁၈၂၅ရွက်​​မြောက်​Clover​လေးကို
ခေါင်းရင်းကဗူး​လေး​တွင်​ထည့်​​နေတုန်း
Jonginကကျ​နော့်​ခါးကိုဆွဲလှည့်​သဖြင့်
မျက်​နှာချင်းနီးကပ်​သွားသည်​။ ။

Dearest He(Kaisoo Yaoi)Where stories live. Discover now