"ခွင့်ပြုပါဦး ဦးလေးဝမ်နဲ့ ဒေါ်လေးဝမ်"

ချင်းဟန်နှုတ်ဆက်ကာ ထပြန်သွားသည်နှင့် မားရဲ့မျက်နှာက ခက်ထန်လာသည်။သူအနေရခက်စွာပဲ အပြစ်သားလို ခံစားနေရတယ်။

"ရိပေါ် ပြန်ထိုင်"

ထသွားချင်နေသည့် ရိပေါ်ဟာ မားရဲ့စကားကြောင့် ရပ်ပြီးသားတောင် ပြန်ထိုင်နေရတယ်။

"မား"

ပါးကတော့အေးအေးလူလူပင် ။ ရိပေါ်နှင့်မားကို ရေနွေးကြမ်းသောက်ရင်းထိုင်ကြည့်နေတယ်။ပါးကိုယ်တိုင်ကလည်း မားသဘော မားသဘောနေသူမို့ ပါးဆီက အကူအညီလဲ ရိပေါ်ရမှာမဟုတ်ဘူး။

"ရိပေါ် သားရဲ့ ဆုံးဖြတ်ချက်၊ လွတ်လပ်ခွင့်ကိုမားဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဘူးနော်"

"ဟုတ်"

"အခုက စပြီးကန့်ကွက်ရမယ်ထင်တယ်
သားဟိုကောင်လေးနဲ့ကင်းကင်းနေမလား
ဒါမှမဟုတ် ဆေးခန်းပိတ်ပြီး ချင်းဟန်နဲ့အတူ ရှန်ဟိုင်းသွားမလား....သားကိုချင်းဟန်ကသဘောကျနေတာ မားအရင်ကတည်းကသိပါတယ်"

ဆေးခန်းကပိတ်လို့မရဘူးလေမားရယ်။
မြို့နဲ့ဝေးတဲ့ ဒေသမှာ ရိပေါ်ရဲ့ဆေးခန်းလေးသာအားကိုးရာ ဖြစ်နေတာမို့ ဆေးခန်းကို ရိပေါ်က ပိတ်မှာမဟုတ်မှန်း သိရဲ့သားနဲ့။
မားက တစ်ကယ်သူ့ကို ရွေးချယ်စရာမရှိတဲ့ရွေးချယ်မှုကိုပေးလိုက်တာပဲ။

"ကျွန်တော်သူနဲ့ကင်းကင်းရှင်းရှင်းနေပါ့မယ်
ဆေးခန်းကိုမပိတ်ပါရစေနဲ့နော်....
ရွာထဲကလူကြီးတွေကမြို့ထိမသွားနိုင်ဘူးလေမားရယ်"

"ဒါကတော့ သားရဲ့ ရွေးချယ်မှုအပေါ်ပဲ မူတည်တယ်"

"ကဲ....မင်းကလည်းကွာ.....သားက ကင်းကင်းရှင်းရှင်းနေမယ်ပြောပြီးပြီပဲ....ဟိုကလေးကလည်း.....မျိုးကောင်းရိုးကောင်း​လေးပါ....
သား....သွားနားတော့....ပင်ပန်းနေတော့မယ်"

ပါးကမားနဲ့သူ့ရဲ့စကားဝိုင်းထဲဝင်လာမှသာ ရိပေါ်သက်သာရာရတယ်။ မဟုတ်ရင် မားကသူ့ကို မပတ်သက်ဖို့ အကြိမ်ကြိမ်တားတော့မှာ။မားရဲ့အလိုကျ မပတ်သက်ချင်ပေမယ့်နှလုံးသားက မားရဲ့ ဆန္ဒကိုလွန်ဆန်ချင်နေတဲ့အခါအရမ်းမွန်းကြပ်ရပါတယ်။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now