06

623 68 25
                                    

LOVE

“မင် ~~ “

အသံတည်တည်ငြိမ်ငြိမ်နှင့် သူ့အားခေါ်နေသူမှာဘယ်သူမှန်းလှည့်ကြည့်စရာပင်မလို သိပါသည် ။

“ဒီနေ့ အကိုမင်းကိုသတင်းကောင်းပြောစရာရှိလို့ ၊ အနောက်လှည့်ပါဦး မင် ရဲ့ “

နမ်ဂျွန်း ခပ်တိုးတိုးပြောကာ ဂျီမင်း ၏ပုခုံးမှကိုင်၍သူ့ဘက်သို့မျက်နှာမူစေလိုက်သည် ။
ဆေးရုံဝတ်စုံထဲ၌ပျောက်လုမတတ်ဖြစ်နေသော ဂျီမင်း ၏ခန္ဓာကိုယ်လေးမှာ ကလေးလေးတစ်ယောက်လိုသေးသေးလေးပင် ။

“မင် မနက်ဖြန်အပြင်ထွက်ခွင့်ရတယ် ၊ အကို ဆေးရုံအုပ်ကိုခွင့်တောင်းပြီးပြီ”

နမ်ဂျွန်း ၏စကားအဆုံး ခေါင်းအသာမော့ကြည့်လာတဲ့ ဂျီမင်း ၏မျက်လုံးတို့မှာအရည်ကြည်လေးတွေကခပ်လဲ့လဲ့ ၊

“တ .. တကယ်လား”

တိုးတိုးလေးပြန်မေးလာတဲ့ အသံလေးတွေက   ကတုန်ကယင်ဖြင့် ။

“အင်း တကယ်ပေါ့ ၊ မင် ကို အကိုကိုယ်တိုင်နေရာစုံလိုက်ပို့ပေးမှာ”

ပါးချိုင့်လေးတွေနစ်ဝင်သည်အထိပြောနေသော သူ့အရှေ့မှ နမ်ဂျွန်း ကြောင့် ဂျီမင်း ပျော်သွား၍ နမ်ဂျွန်း ၏ရင်ခွင်ထဲသို့ တိုးဝင်တော့သည် ။

“ကျေးဇူးပါ ~ ကျေးဇူးပါ ~ “

ကျေးဇူးတင်စကားတို့အားအကြိမ်ကြိမ်ပြောကာ နမ်ဂျွန်း ၏ရင်ခွင်ထဲသို့တင်းကြပ်စွာတိုးဝင်လာသော အကောင်ပေါက်လေးကြောင့် နမ်ဂျွန်း ထိုအကောင်ပေါက်လေး၏ဆံနွယ်လေးတွေအားခပ်ဖြေးဖြေးပွတ်သပ်ပေးနေလိုက်သည် ၊

စိုစွတ်လာသော သူ့ရင်ဘတ်တို့၏အထိအတွေ့ကြောင့် ဒီကောင်လေး ငိုနေတာများလားဟုစိုးရိမ်စိတ်နှင့် ရင်ဘတ်ထဲကနေအသာခွါ၍ကြည့်လိုက်တော့ တစ်ချက်သာ သူ့အားမော့ကြည့်၍ ခေါင်းပြန်စိုက်ငုံ့သွားသောကောင်လေး ၊

“ငိုနေတာလား မင် ၊ ဘာဖြစ်လို့လဲ ခေါင်းကိုက်ပြန်ပြီလား”

စိုးရိမ်တကြီးနဲ့မေးနေသော အရှေ့ကလူကြီးကြောင့် ဂျီမင်း ခပ်ရေးရေးလေးပြုံးမိပြန်သည် ၊
သူ့ကိုအခုလိုစိုးရိမ်တကြီးနဲ့မေးဖူးတာဆိုလို့ အကိုဆော့ ပြီးရင် ဒီလူကြီးသာ ၊

  LOVE    (MinJoon)Where stories live. Discover now