ခွဲခြား၏ အမျိုးများက ပြင်ဦးလွင်တွင် ရှိသည်မို့ ‌နွမ်းခါးကို ခေါ်သွားရန် သိပ်တော့အခက်မတွေ့ပါ။ ခွဲခြားတို့မိသားစုပိုင် စပျစ်ခြံကိုလည်း သူရောက်ဖူးနေတော့လေ။

ကားပေါ်မှာ မီးမီးခဲနှင့် ထူးအယ်လင်းတို့၏ "မင်း" သီချင်းသံက ပျံ့လွင့်နေသည်။ ဒီသီချင်းကို နွမ်းခါးရော ခွဲခြားပါ နှစ်သက်သည်မို့ ခရီးသွားလျှင် အမြဲ ဖွင့်ဖြစ်သည်။လုံးလုံးသည်ကား အသက်တစ်နှစ်ပင် ပြည့်တော့မည်မို့ နွမ်းခါး ပေါင်ပေါ်တွင် ထိုင်ကာ သီချင်းသံကို နားထောင်နေသည်။ လုံးလုံးလေးက ငယ်သေးပေမယ့် တော်တော်လေးလည်သည်။ ငြိမ်လည်းငြိမ်သည်။ တော်ရုံ‌လည်း မငိုတာကြောင့် ဘယ်သွားသွား အေးအေးဆေးဆေး သွားလို့ရလေသည်။

"ကိုယ့်အချစ် ညောင်းနေရင်၊ သားလေးကို ကိုယ်တစ်လှည့် ခေါ်ထားပေးရမလား"

နေပြည်တော်က ထွက်လာကတည်းက နွမ်းခါးက ကလေးကို ပေါင်ပေါ်တင်ထားရသည်မို့ ညောင်နေမည်စိုး၍ မေးရသည်။

""အဲ့ဒါဆို ကျွန်တော် တစ်လှည့်မောင်းပေးမယ်လေ၊ အကို ကလေးချီပေး"

နွမ်းခါးက အပြုံးလေးနှင့်ဆိုလေလျှင် နှုတ်ခမ်းနားက အချိုင့်လေးက ထင်းကနဲပေါ်သည်။ မျက်၀န်းညိုတွေက အရင်ကထက် အရောင်တောက်လာသည်မို့ ခွဲခြားကတော့ ပျော်ပါသည်။ ချစ်ရသူ၏ ပျော်ရွှင်ခြင်းက ကိုယ့်ကြောင့်ဆိုတာထက် ပိုပြီး ပျော်ရတာ ရှိပါဦးမလား။

"ရပါတယ်၊ မမောင်းပါနဲ့ကွာ၊ ညောင်းရင်သာ ကိုယ့်ကိုပေးထားပါ"

ကြည့်ရတာ အကိုက ကားနှင့်ပါတ်သတ်လျှင် နွမ်းခါးကို အခုထိ စိတ်ချဟန်မရှိသေးပါ။ ကျွန်တော်တို့ အတိတ်တွေက သိပ်မှ မကောင်းခဲ့တာ။

နွမ်းခါးက ကိုယ်လေးကို နေရာရွှေ့၍ ခွဲခြားနား ကပ်သည်ထက် ကပ်အောင် တိုးသွားလေသည်။ ‌သူ့ခေါင်းလုံးလုံးလေးကို ခွဲခြားလက်မောင်းပေါ်မှီလိုက်တော့ ဂီယာလည်း ကိုင်ရလွယ်၊ နွမ်းခါးလည်း မှီရလွယ်စေရန် ခွဲခြားက သူ့လက်ကို နေရာပြင်ပေးသည်။ သူနှင့်အနီးကပ်ဆုံးမှာ ရှိနေသည့် ခပ်ထူထူ ဆံနွယ်လေးတွေကို ငုံ့ပြီးနမ်းရှိုက်ရသေးသည်။

1. Close to... You (မင်းနဲ့နီးဖို့) CompletedWhere stories live. Discover now