Chapter 221 - Get In Through The Back Door (U)

Start from the beginning
                                    

ကောင်းရန်ကောရှက သူတို့စကားပြောတာကို မမျှော်လင့်ဘဲ ကြားလိုက်လိမ့်မယ်လို့ သူတစ်ခါမှ တွေးမထားမိဘူး ... ပြီးတော့ ယူရှောင်မော့ကို ကူညီတာရော ...

အကယ်၍သူသာ သောက်ရှင်းအကယ်ဒမီက ဆရာတွေကို အစီရင်ခံတင်ပြလိုက်ရင် သူရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး သောက်ရှင်းအကယ်ဒမီကို ဝင်နိုင်တော့မှာမဟုတ်ဘူး ... သူက ဒီနှစ် နှစ်ဆယ့်ငါးနှစ်ဖြစ်နေပြီ ... နောက်သုံးနှစ်ဆိုရင် သူ့အသက်က ဝင်ခွင့်ကန့်သတ်ချက်ထက် ကျော်သွားပြီ ...

ယူရှောင်မော့က သူ့အတွက်ပြောပေးတဲ့အမျိုးသားကို အံ့သြမှုနဲ့ကြည့်နေတယ် ... ဒီလူကို ခေါ်တာ ဘာ ... သိုးငယ်လေး?

သူ့ရဲ့ဟိတ်ဟန်ရှိတဲ့ အပြုအမူနည်းဟန်တွေနဲ့ တစ်ခြားသူတွေရဲ့ သူ့အပေါ်လေးလေးစားစားဆက်ဆံတာကို ကြည့်ပြီး ဝေဖန်ရရင် ဒီ "သိုးငယ်လေး" က သာမန်လူတော့ ဟုတ်ပုံမရဘူး ... လက်ထောက်ကျောင်းအုပ်ရဲ့တပည့် ... ကောလဟာလတွေအရ "ဒုတိယမျိုးဆက်" အာ့! ဒီနောက်ခံဇစ်မြစ်တစ်ခုတည်းနဲ့တင် အထင်ကြီးဖို့လုံလောက်နေပြီ (t/n: တရုတ်မှာ ဒုတိယမျိုးဆက်ဆိုတာ အရမ်းအင်အားကြီးမားတဲ့သူရဲ့ မျိုးဆက်/ကလေးကို ဆိုလိုချင်တာပါ ... တရားဝင်ဘွဲ့လိုမျိုး ... အဲဒါက ဘယ်နေရာကိုမဆို အားစိုက်စရာမလိုဘဲ အလွယ်လေးရနိုင်တာမျိုးပါ)

သူ ဒီကိစ္စကို ဝင်လာတာမှန်တယ် ... ရုတ်တရက်ပဲ သူ့မျက်နှာရှေ့မှာ လက်တစ်ဖက်ဝှေ့ရမ်းနေတယ် ...

လက်ရှိအခြေအနေကို ပြန်ရောက်လာပြီး လင်းရှောင်သူ့ကို ခပ်ထေ့ထေ့ကြည့်နေတာ ယူရှောင်မော့ မြင်လိုက်ရတယ် ... သူ့အမူအယာက သိသိသာသာထင်ထင်ရှားရှားကြီးကို စိတ်ဆိုးမန်ဆိုးဖြစ်နေတယ် ... ဒီတစ်ကြိမ်တော့ ဘာမှမပြောနိုင်အောင်ပဲ ယူရှောင်မော့ အရမ်းရှက်သွားတယ် ... ဘာလို့လဲဆိုတော့ သူတို့က အခု လူကြားထဲမှာလေ ဒါကြောင့် သူ လင်းရှောင်လက်ကို ပြန်ဆွဲလိုက်တယ် ...

ကောင်းရန်ကတကယ်တော့ ဒီလိုမြင်ကွင်းမျိုး မြင်ရလိမ့်လို့ မမျှော်လင့်ထားဘူး ... ပထမတော့ သူပုံမှန်လုပ်ရိုးလုပ်စဉ် စစ်ဆေးဖို့ လာခဲ့တာ ... ဒါပေမယ့် ဆယ်ကျော်သက်လေးနဲ့ လူငယ်ရဲ့ စကားအခြေအတင်ကို သူတော်တော်လေးကြားလိုက်ရတယ် ... ဆယ်ကျော်သက်လေးရဲ့ စကားလုံးတွေက တကယ်ကို ယုံကြည်မှုအပြည့်နဲ့ဆိုတာ ငြင်းစရာမရှိဘူး ... ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတာ ကောင်းတဲ့အရာပဲ ... ဒါကြောင့် ဆယ်ကျော်သက်ကောင်လေးမှန်တယ်လို့ သူခံစားရတယ် ......

The Legendary Master's Wife (Zawgyi & Unicode)Where stories live. Discover now