"ဟုတ်ကဲ့"

ရှေ့ကထွက်သွားသော အနှီလူကြီးနောက်သို့ သူ ကျောပိုးအိတ်ကြိုးလေး နှစ်ဖက်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်းလိုက်လာခဲ့သည်။

ဆေးရုံပင်မအဆောက်အဦးရှေ့ ရောက်တော့ စောစောကတွေ့ခဲ့သည့် အန်တီကြီးက သူတို့ဆီ လျှောက်လာသည်။

"ဒီနေ့ နောက်ကျတယ်နော် ဒေါက်တာ"

အန်တီကြီးက ဆေးရုံ၏ သူနာပြုဝတ်စုံ ဖြစ်ပုံရသည့် ပန်းရောင်အပေါ်ထပ်အင်္ကျီနှင့် ဘောင်းဘီဖြူအား ဝတ်ဆင်ထား၏။

"ဒီနေ့က ဘက်စ်နဲ့မဟုတ်ဘဲ စက်ဘီးစီးလာလို့နောက်ကျသွားတာ အစ်မနိုရီရေ"

လူကြီးက ရင်းနှီးသည့်လေသံမျိုးနှင့် ပြန်ဖြေသည်။

"အယ်ဒါနဲ့ ဒါလေးက ဘယ်သူလေးတုန်း"

အတူလာကြသည်ကို မြင်ကတည်းက အန်တီကြီးက စိတ်ဝင်စားနေပုံရကာ ထုတ်မေးလာသည်။

"ကျွန်တော့်အသိ ညီလေးလေ ဆေးရုံကို လုပ်အားပေးရောက်လာတာ ပိတ်ရက်တွေပဲ"

"စိတ်ထားလေးဖြူစင်လိုက်တာ ကလေးရယ်  . . ဒီမှာက သူနာပြုကလည်းနည်းတော့ လုပ်အားလာပေးမဲ့ ကလေးတွေလိုနေတာ"

နိုရီမည်သော အန်တီကြီး၏ စကားအား သူပြုံရုံသာ တုန့်ပြန်လိုက်သည်။

"ဒီကလေးကို စောင့်ရှောက်ပေးပါဦး
အစ်မနိုရီရေ"

"ကောင်းပါပြီကွယ် . . ကဲ အထဲဝင်ရအောင်"

နယ်ဆေးရုံပြီးသစွာ မည်သည်မှ တခမ်းတနား မရှိသည့် တစ်ထပ်တိုက် ပင်မဆောင်ထဲသို့ သူတို့ သုံးယောက်ဝင်သွားသည်။

ထယ်ယောင်းက သူ့ရုံးခန်းရှိရာ ဘက်သို့ထွက်သွားပြီး ဂျီမင်းအား အန်တီနိုရီနှင့် ထားခဲ့လေသည်။

ဂျီမင်းတစ်ယောက် တွေးမိသည်မှာ ။ အန်တီနိုရီဟာ အသက်လေးဆယ်ကျော်လောက်ရှိပြီဖြစ်သော အမျိုးသမီးတစ်ဦးပေမို့ သူနှင့်ဆိုလျှင် အဒေါ်အရွယ်ဖြစ်သည့်တိုင် သူ့လူကြီးက အမနိုရီဟုခေါ်ပုံထောက်လျှင် အနှီလူကြီးမှာလည်း အသက်တော်တော်ကြီးလောက်ပြီဟုပင်။

PETRICHOR || VMINWaar verhalen tot leven komen. Ontdek het nu