"အဘချန်မြေးက တံခါးမှမဖွင့်ပေးတာ
သားက ဘယ်လိုလုပ်ပေးရမှာလဲ"

ဘိုးဘိုးချန်ရဲ့စကားအဆုံးမှာ မားက မလိုစွာဝင်ပြောလေတော့ သူကပဲ ဘိုးဘိုးချန်ကိုအားနာရသည်။မားကတော့ တစ်ကယ်ပါပဲ။
ကလေးဆန်လွန်းတယ်။ပန်းသီလုသည့် ကိစ္စကိုလည်း ဈေးမှအပြန်နားပူအောင်နားထောင်လာခဲ့ရပြီး မပတ်သက်ဖို့ကိုလည်း အကြိမ်ကြိမ်တားမြစ်ခြင်းခံရသေးသည်။
တစ်ကယ်ဆိုမားကမှ ကလေးနှင့်တုပြီး ကလေးဆန်သူမဟုတ်ပါလား......။

"ကျွန်တော်လိုက်ခဲ့မယ် ဘိုးဘိုးချန် ခနနော်
ဆေးသွားယူအုံးမယ်"

ဘိုးဘိုးချန်ကို ပြောပြီးအပေါ်ထပ်အိပ်ခန်းလေးထဲ ဆေးထည့်နေတုန်းသူ့အခန်းဆီဦးတည်လာနေတဲ့မားရဲ့ခြေသံခပ်ပြင်းပြင်းကိုကြားနေရတယ်။

"ရိပေါ် ညနက်နေပြီ လိုက်မသွားနဲ့တော့"

"မားကလည်း ဟိုမှာဘာဖြစ်နေလဲ မသိဘူး
တော်ကြာ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

သူ့စကားကြောင့်ပြန်ကြည့်လာသည့်မားရဲ့အကြည့်တွေက မားသာနဂါးဆို ရိပေါ် ပြာကျသွားလောက်သည်။

"ဟိုကောင်လေးကိုစိတ်ပူနေတာလားရိပေါ်။မားသားကိုပြောပြီးသားနော်။အဲ့ကောင်လေးနဲ့ဝေးဝေးနေ။မားသူ့ကိုသဘောမကျဘူး"

"မားကလည်း တစ်ခါတည်းပါ"

မားနဲ့အခြေအတင်ပြောနေတုန်းကယ်တင်ရှင်ပါးကအခန်းရှေ့ရောက်လာသည်။

"သား ဘချန်တို့စောင့်နေတာကြာပြီ
မပြီးသေးဘူးလား"

"ပြီးပြီပါး....သားသွားပြီ"

မားကိုတစ်ချက်ကြည့်ပြီး အောက်ထပ်ကို အမြန်ဆင်းမိတော့ မားရဲ့ မကျေနပ်သံနဲ့ ပါးရဲ့တရားချသံကနောက်ကွယ်ကနေ ကပ်ပါလာသည်။မလွန်ဆန်ဘူးပေမယ့် မြို့ကြီးသားအတွက် ရိပေါ်က မားကို လွန်ဆန်ခဲ့ရပါသည်။

"ဘိုးဘိုးသားတို့သွားရအောင်"

......

"ယီယီ ဘယ်လိုလဲ"

မြို့ကြီးသားရဲ့အခန်းဖြစ်ဟန်တူသောအခန်းတစ်ခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော အန်တီယီယီက သက်ပြင်းချပြီးခေါင်းခါပြလာသည်။တစ်ကယ်ကို မြို့ကြီးသားကအရမ်းဆိုးလွန်းတယ်။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now