" မထိနဲ့ "

" စိတ်ကောက်နေတာပဲ ကလေးလေးက အား!! "

" ........... "

" အား နာတယ် ငယ် ရ "

" သေလေ "

Chanyeol သူ့ရဲ့လက်ကို ကိုက်ဆွဲနေတဲ့ အချိုသတ်ကာပြောရသည်။ ဒါတောင် သေ လို့ကပြောနေသေးသည်။ တကယ့် ဟာလေး ။ ဟာဝိုင်အီ က ပြန်ရောက်မှ မရင့်ကျက်ဘဲ ကလေးဆန်လာသလိုပဲ။

" ဘာဖြစ်လို့လဲ ငယ်ရာ ကိုယ်လွမ်းလို့ငယ့်ကိုနမ်းတာလေ "

" အဲ့တာ အိမ်ရောက်မှနမ်းလေ ဘာလို့ကားပေါ်မှာနမ်းလဲ "

" ငယ် က ကိုယ့်ကို စိတ်မထိန်းနိုင်အောင်တာလေ "

" ဘာလုပ်လို့လဲ "

" ကားပေါ်တက်တက်ချင်း နှုတ်ခမ်းဆူပြီး တစ်ဖက်လှည့်သွားတာ ဘယ်သူတုန်း ။ အဲ့နှုတ်ခမ်းလေးက အကြာကြီးထော်ပြနေတော့ နမ်းချင်လာတာ ကိုယ့်အမှားလားကွာ "

" ဟမ့် ပြောလိုက်ရင် သူ့အမှားမရှိဘူး "

" သေချာတာပေါ့ ဟောဒီက ငယ့် ရဲ့အမှား အရမ်းကို စမတ်ကျပြီး ချစ်ဖို့ကောင်းနေတဲ့ ငယ်ရဲ့အမှားပါဗျာ "

" ချောနေတဲ့ ကိုယ်က ပဲ အပြစ်ဖြစ်ရအုံးမယ် အဆန်းကြီး "

" ဟာ ငယ် ရာ ရိုလို့ကို မရဘူး "

" မရိုနဲ့ပေါ့ သွားတော့ ရေသွားချိုး ဗိုက်ဆာတယ် မုန့်သွားစားရအောင် "

" ဟာ ငယ် အဲ့လိုကြီးလား "

" ဘာကိုအဲ့လိုကြီးလားလဲ "

" ငယ် ရာ "

" မ ငယ် နဲ့ ငါ ဒီနေ့ မင်းကို စိတ်ကြည်တာမဟုတ်ဘူး "

" ငယ် ရာ အခုပြောနေတာနဲ့ ဘာဆိုင်လို့လဲ "

" မသိဘူး ဆိုင်တယ် "

" ကဲပြော ဘာကိုစိတ်မကြည်သေးတာလည်း "

" မင်း ငါတို့ဌာနက အကုန်လုံးကို ဖြုတ်ပစ်တာလေ "

" ငယ် ရာ အဲ့တာက သူတို့အသုံးမကျလို့ ကိုယ်ဖြုတ်တာလေ "

" တစ်ဌာနလုံးကို ဖြုတ်စရာလိုလို့လား "

" လိုတယ် ငယ် ။ ငယ်နဲ့ပက်သက်လာရင် အကုန်လိုတယ် "

" အဲ့တာက မင်းအလုပ်မှာ personal အနေနဲ့ရောထွေးနေတာလေ "

Happy House(U+Z)Where stories live. Discover now