Chapter 216 - You Help me wash

Começar do início
                                    

ယူရှောင်မော့ ချက်ချင်းပဲ ကျောက်ရုပ်ဖြစ်သွားတယ် ...

လင်းရှောင် သူ့ရယ်သံနဲ့ ဖိနှိပ်ပြီး လျှောက်လာတယ် ... ပြသနာအဘွားအိုနဲ့ မျက်နှာချင်းဆိုင်လို်က်တယ် ... သူ စကားတစ်လုံးပဲပြောလိုက်တယ် "ထွက်သွား"

အဘွားအိုက ထိတ်လန့်သွားပြီး လင်းရှောင် ဒုတိယစကားလုံးထွက်ဖို့တောင် မလိုဘူး .. ချက်ချင်းပဲ မြင်ကွင်းကနေ ပျေက်သွားတယ် ....

အလစ်အငိုက်မိသွားတဲ့ ယူရှောင်မော့က တစ်ကိုယ်လုံးအားမရှိသလို ပျော့သွားပြီး လင်းရှောင်က ဖက်ထားပေးတာကို အလိုက်သင့်မှီထားရတယ် ...

ဆယ့်ငါးမိနစ်လောက်ကြာသွားတော့ စျေးကြီးတယ်လို့မထင်ရတဲ့ တည်းခိုအိမ််တစ်ခုတွေ့တယ် ... ဒါပေမယ့် ရိုးလည်းမရိုးသလို အကြမ်းထည်လည်း မဟုတ်ဘူး ... အဲ့ဒီအချက်တွေကြောင့် နေဖို့နေရာရှာနေတဲ့ လူတော်တော်များများရှိတော့ အသင့်အတင့်ကောင်းတဲ့ အခန်းတွေက ကြိုတင်မှာထားတာတွေနဲ့ ပြည့်နေပြီ ... အညံ့စားတစ်ယောက်ခန်းတစ်ခန်းပဲ ကျန်တော့တယ် ... ဒါပေမယ့် စျေးကတော့ မသက်သာဘူး ...ရွှေစဆယ်စပေးရတယ် ... နမ်ရဲ့မြို့ရဲ့ အကောင်းဆုံးအခန်းစျေးနဲ့ အတူတူပဲ ...

လင်းရှောင်ပေါ့ပေါ့ပါးပါးပဲ ရွှေစဆယ်စပေးလိုက်တယ် ... သူ ရွှေစဆယ်စကို ဘာမှမတွေးတောဘဲပေးဖို့ တတ်နိုင်ပါသေးတယ် ...

အခန်းက မျှော်လင့်ထားသလိုပဲ သေးတယ် ... အတော်အသင့်သေးတဲ့ကုတင်တစ်လုံးရှိတယ် ... ဒါပေမယ့် မြေကမ္ဘာတောင်က ယူရှောင်မော့ရဲ့အခန်းနဲ့ယှဉ်ရင် အဲ့လောက်သေးတာတော့ မဟုတ်ဘူး ... လင်းရှောင်ကတော့ ယူရှောင်မော့နဲ့အတူ ပူးကပ်ဖျစ်ညှစ်ပြီးနေရမှာဆိုတော့ ကိစ္စသိပ်မရှိဘူး ...

ယူရှောင်မော့ ထိတ်လန့်မှုကြောင့် ကျောက်ရုပ်လိုဖြစ်နေရာကနေ ပြန်ပြီးအဆင်ပြေပြီးချင်းမှာပဲ ရေချိုးဖို့ လင်းရှောင်ဆွဲခေါ်သွားတာ ခံလိုက်ရတယ် .....

တည်းခိုအိမ်မှာ ရေပူစမ်းမရှိဘူး ... တစ်ယောက်ယောက်ရေချိုးချင်ရင် Ha Ha (ဟဟ) (၁) လူငယ်လေးကပဲ ရေပူယူပေးရတယ် ... ဒီလူငယ်လေးက အလုပ်ကြိုးစားပြီး စည်ကြီးကြီးတစ်ခုလုံးကို အချိန်မဆွဲဘဲ ရေပူဖြည့်ပေးနိုင်တယ် ... လင်းရှောင်ပေးတဲ့ရွှေစကိုယူပြီး လူငယ်လေးက မျက်နှာပေါ်မှာ အပြုံးကြီးကြီးကိုဆင်မြန်းပြီးထွက်သွားတယ် ...

The Legendary Master's Wife (Zawgyi & Unicode)Onde histórias criam vida. Descubra agora