"ကျစ်...စိတ်ပျက်ဖို့ကောင်းလိုက်တာ"

သူရှေ့မှာတင်စုပ်သတ်ရင်းစိတ်ရှုပ်ဟန်နဲ့ဆံပင်တွေဆွဲဖွလိုက်
တဲ့သူမကိုကြည့်နေမိသည်။မာနကတော့မသေးဘူးပဲ။

"ကျေးဇူးပြုပြီးတံခါးဖွင့်ပေးပါ...ကျမတောင်းဆိုနေတာ"

"မဖွင့်ပေးရင်ရော..."

ခါးပတ်ကိုဖြုတ်လို့သူမရဲ့ဘေးနှစ်ဖက်မှာလက်ကိုထားလို့ချောင်ပိတ်ကာအနားကိုတိုးကပ်သွားတော့ စူးစူးရဲရဲသူ့ကိုပြန်ုကြည့်
လို့နေပြန်သည်။

ဒေါက်^ ဒေါက်^

"ဘာလဲကွာ!!"

ကားမှန်ကိုခပ်ပြင်းပြင်းလာခေါက်တဲ့အသံကြောင့် ဒေါသထွက်ထွက်နဲ့မှန်ကိုချလိုက်သည်။

"ဒရိုက်ဘာဟန်က ဒီကိုဘယ်လိုလုပ်??"

"သခင်မကြီးကကနေဒါကနေပြန်လာလို့ သခင်လေးကိုမတွေ့
တာနဲ့ကျနော့်ကိုGPSသုံးပြီးရှာခိုင်းလိုက်တာပါ အသိမပေးပဲ
GPSနဲ့ခြေရာခံလိုက်လို့တောင်းပန်ပါတယ်..."

ခေါင်းငုံ့နေတဲ့ဒရိုက်ဘာဟန်နောက်က ရောက်လာတဲ့နေကာမျက်မှန်နဲ့အမျိုးသမီးကတော့ နှစ်ယောက်မရှိတဲ့သူလန့်ရတဲ့
အမေပင်ဖြစ်သည်။

ကားမှန်ကနေတစ်ဖက်ကိုခေါင်းစောင်းကြည့်လိုက်ပြီးထွက်
လာတဲ့စကားကတွေးထားသလိုမဟုတ်ပါစေနဲ့လို့ဆုတောင်း
လိုက်ပေမယ့် သူ့ကိုရှင်းပြခွင့်တောင်မပေးပဲလိုရာဆွဲတွေး
လိုက်ပြီဖြစ်သည်။

"ပါ့ခ်ဂျီမင်း မာမီ့ကိုကောင်မလေးရသွားတာတောင်မပြောဘူး
ကြည့်စမ်း...မင်းတို့တွေလမ်းမှာကားရပ်ပြီးဒီလိုအခြေအနေတောင်ဖြစ်နေတာလား ငါမလာရင်တော့ ကျွတ် ကျွတ်
OMG!!! ကောင်မလေးကချစ်စရာလေး!!!"

သူတို့ပြောသမျှကိုကြောင်ကြည့်ပြီးနားထောင်နေတဲ့ နာရယ့်
ကိုဘယ်ကစရှင်းပြရမှန်းတောင်မသိတော့ပေ။ထို့အတူ ဘယ်
လိုရှင်းပြပြငြင်းမရတော့မယ့် မာမီ့အခြေအနေကိုလည်းဘယ်
လိုရှင်းပြရမှန်းမသိတော့ပါ။

~~~~~~

"အဲ့တော့ ရှင့်အမေကိုရီးယားမှာနေမဲ့သုံးလမှာကျမကရှင့်
ရည်းစားဟန်ဆောင်ပေးရမယ်ပေါ့!!"

RIVALS [Completed]Where stories live. Discover now