ကိုယ်လာတဲ့အထိတစ်ဝက်လောက်ကျန်နေသေးတဲ့ကော်ဖီကိုတဂွက်ဂွက်နဲ့မော့ချရင်းသွားဖို့ပြင်နေသည်မို့ကိုယ့်မှာအမြန်
တားရတော့သည်။

"ကျမ အချိန်ပိုင်းသွားဖို့ရှိသေးလို့ဒီမှာပဲပြောပါလား"

"အဲ့ဒါဆိုလည်းလိုက်ပို့ပေးရင်ပြောကြမယ် ဖြစ်တယ်မလား"

ကားသော့ဆွဲလို့ပြန်မယ်တကဲကဲဖြစ်နေတာမို့ ခေါင်းငြိမ့်ပြီး
တော့သာလိုက်ပို့ဖို့ကိုခွင့်ပြုရတော့သည်။

ဘာစကားပြောဖို့အဲ့လောက်တောင်အရှိန်တွေယူနေတာပါ
လိမ့်။

.

.

.

"ဟို...အမှန်တိုင်းပြောရရင်ကိုယ်မင်းကိုစိတ်ဝင်စားတယ်"

"Nae?!!"

အချိန်လည်းဆွဲမနေချင်တာမို့ လိုရင်းကိစ္စကိုသာထုတ်ပြော
လိုက်တော့သည်။ရုတ်တရက်ကြီးဖြစ်တာမို့ သူမကကြောင်ပြီး
ကိုယ့်ကိုပြန်ကြည့်နေတာကတော့မထူးဆန်းပေ။

ကြိုက်တယ်ရယ်လည်းမဟုတ် ချစ်မိနေတဲ့ခံစားချက်လည်းမရှိသေးပေမယ့် တစ်ယောက်နဲ့တစ်ယောက်လေ့လာသင့်
တယ်လို့ထင်တာကြောင့်ပြောဖို့စဉ်းစားလိုက်ခြင်းပင်။

သူမနဲ့ရေစက်ကဘယ်လိုမှန်းမသိတာကြောင့် ဒီလိုမပြောရင်
ထပ်မတွေ့ရလောက်ဘူးထင်သည်။

"ဟား..ရှင်ကျမကိုအလွယ်ရမဲ့အစားထဲမှာပါတယ်လို့ထင်နေ
တာပဲ ကားရပ်ပေးပါ ကျမဒီနေရာမှာပဲဆင်းတော့မယ်"

ကားတံခါးဖွင့်ရင်းဆင်းဖို့ပြင်နေပေမယ့် သူ့ဘက်ကလော့ခ်ကို
အရင်ချနိုင်လိုက်သည်။

"ဖွင့်ပေးပါ....ကျမအကောင်းပြောနေတုန်း"

ကားကိုလမ်းဘေးတစ်နေရာမှာချရပ်လိုက်ပေမယ့် တံခါးကို
တော့ဖွင့်မပေးသေးပေ။ငယ်ငယ်တည်းကကိုယ်အလိုမကျရင်
အလျော့မပေးချင်တဲ့စိတ်က ဒီကောင်မလေးစကားမှာ မဖွင့်
ပေးရင်ဘာဆက်လုပ်မလည်းဆိုတာကိုသိချင်လာသည်။

"ကိုယ်လည်းစကားအကောင်းပြောနေတာပဲ...မင်းဘာသာ
တစ်ဖက်သတ်တွေးနေတာနော် ကိုယ်မင်းကိုလွယ်တဲ့ဆိုတဲ့
စကားတစ်ခွန်းမှမပြောမိဘူး..."

RIVALS [Completed]Where stories live. Discover now