Chapter-44(သဝန်တိုခြင်း)

Start from the beginning
                                    

မျက်နှာကျက်အား ဆယ်မိနစ်ခန့်မျှ ငေးကြည့်ပြီးနောက် ပြန်ထရန်ပြင်စဉ်တွင် သူ့မြင်ကွင်း၌ ဖေးစစ်ရန်ပေါ်လာသည်။ ဖေးစစ်ရန်အား နဖူးတွန့်ကာ ကြည့်လိုက်သည်။

'ဟုတ်သားပဲ.. သူ့ရဲ့ဆုံးသွားတဲ့ဇနီးနဲ့ပက်သက်ပြီး ငါ လျှောက်ပြောခဲ့မိတာတွေအတွက် တောင်းပန်ရအုံးမယ်'

ကျန်းရှန် ကုတင်ပေါ်မှ ထရန်ပြင်လိုက်သည်။ သို့ပေမဲ့လည်း သူ ကုတင်ပေါ်မှာ လဲနေသည်မှာ အချိန်ကြာသွားတာကြောင့် ခန္ဓာကိုယ်က လေးလံနေပြီး ထလို့မရပေ။

'သေစမ်း! ဘာဖြစ်ရပြန်ပြီလဲ!'

ကျန်းရှန် မျက်နှာ ညှိုးကျသွားသည်။သူ ကုတင်စောင်းအား ကိုင်ကာ ထရန် ကြိုးစားလိုက်သည်။သို့ပေမဲ့လည်း သူ့ဝမ်းဗိုက်ကာ ကြီးလာတာကြောင့် သူ့ဟာသူ ထရန် မဖြစ်နိုင်ပေ။

အကူအညီမဲ့နေတာကြောင့် ကျန်းရှန်က
"ခင်ဗျား မျက်လုံးကန်းနေတာများလား.. ဒီမှါ ကျွန်တော် ကိုယ့်ဘာသာကိုယ်ထလို့မရတာကိုမမြင်ဘူးလား.. ဒီကိုလာပြီး ထူပေးအုံး!"
သူ့အား သည်တိုင်းသာကြည့်နေသော ဖေးစစ်ရန်အာ အော်လိုက်သည်။

"ဘာလဲ?? အကူအညီတောင်းတဲ့သူတစ်ယောက်ရဲ့ ပုံစံဖြစ်သင့်ရဲ့လား??"
ကျန်းရှန် ​လက်နှစ်ဖက်အား ချိတ်ကာ အနားသို့မသွားပဲ ပြောလိုက်သည်။

ကျန်းရှန် ဘာမှပြောခြင်းမရိှ။ ဒေါသဖြင့် အံကိုကြိတ်ထားပြီး ဖေးစစ်ရန်ရဲ့ အကူအညီအားယူရန်သာ တောင်းပန်လိုက်သည်။ မချိုပြုံးပြုံး၍

"လက်တစ်ဖက်လောက် ငှါးပေးနိုင်မလား? ကျေးဇူးတင်ပါတယ်"

'F**k!! ငါ့ကိုဗိုက်ကြီးအောင်လုပ်တဲ့တရားခံက ဒင်းပဲလေ... ! လှည့်ရခက်နေတဲ့အချိန်မျိုးမှာ ငါ့ကို တာဝန်ယူပေးသင့်တယ်!!'

"ဒါပဲလား??"

"ဘာ!! ခင်ဗျား ဘာကိုလိုချင်နေတာလဲ!! ကျွန်တော့်ကို လာစနေတာလား?? အခုလာကူညီပေး.!! ကျွန်တော့်ခြေထောက်တွေကို ထုံနေပြီ"

ကျန်းရှန် သည်းခံနိုင်စိတ်ကုန်ဆုံးသွားတာကြောင့် ဖေးစစ်ရန်ကို အော်နေရုံသာမက လယ်ခလယ်ပါ ထောင်ပြလိုက်ပြီး ဒေါသထွက်စွာ စိုက်ကြည့်လိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now