"ဘာတွေစိတ်ကူးယဉ်နေလဲ ကောင်လေးရနေပြီလား အာပါး
ခွေးပေါက်လေး~"

"သမီးကောင်လေးထားရမလား အာပါး?? အခုတွေ့ထားတဲ့
တစ်ယောက်ကတော်တော်လေးလန်းတယ် hmm? "

စကားတွေတတ်လွန်းနေတာမို့ နာရယ့်ဆံပင်တွေကဆွဲဖွခြင်း
ခံလိုက်ရသည်။

"ညည်းတော်တော်ဖြစ်နေတယ်ဟုတ်လား...ထားချင်ထားပေါ့
သမီးသဘောကအာပါးရဲ့သဘောပဲ ဟုတ်ပြီလား??"

ခပ်ရွှတ်ရွှတ်ပြောလာတဲ့အဖေ့ရဲ့စကားတွေနောက်ပြုံးလိုက်မိ
ပေမယ့် တကယ်တမ်းအဖေ့ကိုကျော်ပြီးနောက်ယောကျာ်းလေးတစ်ယောက်ကိုထပ်ချစ်ဖို့အဆင်သင့်မဖြစ်သေးပေ။

.

.

.

.

"ခေါ်ရမလား မခေါ်ရဘူးလား ခေါ်ရမလား မခေါ်ရဘူး--"

"ဟိတ်ကောင်!! ခေါ်လိုက် ဘာမို့လို့အဲ့လောက်ချိတုံချိချဖြစ်
နေတာ ငါခေါ်ပေးမယ် ပေး!!"

ရုံးခန်းစားပွဲပေါ်ကပန်အိုးထဲထိုးထားတဲ့ ဂန္ဓာပန်းရဲ့ပွင့်ဖတ်
တွေကိုခြွေရင်း ဒရာမာထဲကဖွင့်ပြောဖို့တွေဝေနေတဲ့မင်းသား
ပုံစံဖြစ်နေတဲ့ပါ့ခ်ဂျီမင်ကိုစိတ်မရှည်တော့တာကြောင့် တင်
ထားတဲ့ဖုန်းကိုထယ်ယောင်းဆတ်ခနဲဆွဲယူလိုက်သည်။

"F*k!! ခွေးကောင် ပြန်ပေး!!"

ခြေတစ်လှမ်းနောက်ကျသွားတာနဲ့အညီ ဖုန်းစခရင်မ်ပေါ်မှာ
တစ်ယောက်သောသူရဲ့ဖုန်းနံပါတ်ဆီသို့ဝင်နေပြီဖြစ်သည်။
ပါးစပ်လှုပ်ရင်းနဲ့ ထယ်ယောင်းကိုလှမ်းဆဲနေပေမယ့် သူမမှီ
အောင်ဖုန်းကိုအမြင့်သို့မြှောက်ထားရင်း မျက်ခွက်ပြောင်ပြနေ
တော့သည်။

"ဟယ်လို..."

ကြားချင်နေတဲ့အသံလေးကြားလိုက်ရတော့လည်း လက်ရဲဇက်ရဲနဲ့ဖုန်းခေါ်လိုက်တဲ့သကောင့်သားကိုကျေးဇူးတင်မိသလိုလို။

*ပြောလိုက်လေ တခုခုပြောလိုက်!!

ဖုန်းကိုင်ရင်းကြောင်ပြီးရပ်နေတဲ့သူ့ကို ထယ်ယောင်းကလေသံနဲ့တစ်ခုခုပြောဖို့ပြောနေပေမယ့် အာစေးမိသလိုပင်ဘာမှ
ထွက်မလာ။

RIVALS [Completed]Where stories live. Discover now