Part-31 ~Past (2)

Start from the beginning
                                    

" ညကသူခိုးများကပ်လို့လားမသိဘူး ''

စံအိမ်ထဲကိုဝင်ဖို့လုပ်တော့အိမ်ရှေ့တံခါးမကြီးက ပွင့်နေတာကြောင့်သူလဲဒီတိုင်းပဲဝင်လာလိုက်တယ် စံအိမ်ထဲဝင်ဝင်ချင်းစာကြည့်ခန်းတံခါးက ပွင့်နေတာကြောင့်ပစ္စည်းတွေများပါသွားပြီလား စိုးရိမ်ပြီးဝင်ကြည့်တော့အားလုံးကသပ်သပ်ရပ်ရပ်ပဲ ဘာပစ္စည်းမှလဲမပျောက်တာကြောင့်ပြန်ထွက်ဖို့လုပ်တော့ သူ့မျက်လုံးထောင့်ကနေအရိပ်လိုလိုတွေ့လိုက်ရတာ ကြောင့်သူလှည့်ကြည့်လိုက်တော့စီရီစွာရှိနေတဲ့စာအုပ်များ...

စန္ဒယားဘက်ကိုသူလျှောက်သွားတော့ စန္ဒယားအဖုံးက
ဖွင့်ထားတာကြောင့် ထိုအဖုံးကိုပိတ်လိုက်ပြီးအခန်းပြင်ကို
ထွက်လာခဲ့လိုက်တယ်အပေါ်ထပ်ကအခန်းကပြုတ်ကျတာဖြစ်တာကြောင့်အပေါ်ကိုလိုက်စစ်ဖို့သွားလိုက်တယ် ထိုထောင့်ဆုံးအခန်းကပွင့်လျက်သားရှိနေတာကြောင့် အခန်းတွင်းကိုဝင်လိုက်တော့မီးအိမ်များကလဲကျကာ ခုံများလဲဖရိုဖရဲဖြစ်နေပြီးမှန်ကွဲတချို့ပါပြန့်ကြဲနေတာမို့ အခန်းထဲသတိထားလျှောက်ကာကြည့်လိုက်တယ် ၊

တခြားအခန်းတွေကိုလဲထပ်ပြီးသွားကြည့်ပေမယ့် သော့တွေပိတ်ထားတာကြောင့်ဒီတိုင်းပဲပြန်ဆင်းလာပြီး သခင်ကြီးတို့ထံစံအိမ်အကြောင်းသတင်းပို့လိုက်တယ် တော်သေးတာကစံအိမ်မှာမှန်ကွဲရုံလောက်သာဖြစ်ပြီး ဘာပစ္စည်းမှပါမသွားတာပင်သူလဲစံအိမ်တံခါးတွေ သေချာပိတ်ပြီးဆေးရုံလိုက်သွားတယ် ။

ဆေးရုံရောက်တော့ခြံစောင့်ယဲ့ရဲ့သားရောက်နေပြီဖြစ်တာ ကြောင့်အကျိုးကြောင်မေးဖို့သူတို့ဆ်ီသွားတယ် ၊

" မင်းအဖေ အခြေနေဘယ်လိုရှိလဲ ''

" အမြင့်ကနေပြုတ်ကျတာကြောင့် ခေါင်းကိုတော်တော်ထိသွားတယ်ပြောတယ် ပြီးတော့သွေးထွက်လွန်သွားတာကြောင့် ဦးနှောက်သွေးခဲမှုမဖြစ်အောင် operating ဝင်နေတယ် ''

" အေးကွာစံအိမ်ထဲကိုဖောက်ထွင်းတဲ့သူများဝင်လာလို့ များလားမသိပါဘူး တစ်ခါမှဒီလိုမဖြစ်ဘူးပါဘူး ''

သူတို့ခွဲခန်းရှေ့မှာထိုင်စောင့်နေတုန်းသခင်ကြီးတို့ရဲ့ ရုံးခွဲဘက်ကလူတစ်ယောက်ရောက်လာပြီးခြံစောင့်ယဲ့ ရဲ့ဆေးရုံစရိတ်တွေလာပေးတယ် ခြံစောင့်ယဲ့ရဲ့သားကလဲ အလုပ်မရှိတော့တာကြောင့်ခြံထဲမှာပဲအလုပ်သမားအဖြစ် ဆက်စောင့်ဖို့သခင်ကြီးကိုမေးတော့သခင်ကြီးက
ခွင့်ပြုတာနဲ့ သူတို့ဆေးရုံကဆင်းတာနဲ့ ခြံထဲမှာနေထိုင်ဖို့ရသွားတယ် ။

Mysterious Love ( Completed ) Where stories live. Discover now