မလိုပါဘူး မိဘ​မေတ္တာ..ဆရာမကြီးက ​နွေး​ထွေးတဲ့ ​မေတ္တာ​တွေကို သူတို့​မောင်​နှမနှစ်​​ယောက်​လုံးကို လိုသည်​ထက်​ပို​အောင်​​ပေးခဲ့လို့....

သို့​သော်​ ဒီအသက်​အရွယ်​ရောက်​တဲ့အထိ ဆရာမကြီး အနားမှာခိုကပ်​မ​နေချင်​​သော​ကြောင့်​သာ Soulတက်​လာပီး အခန်းငှါးကာ​နေခဲ့ရသည်​....

ညီမ​လေးကို​တော့ ဘွဲ့တခုရ​အောင်​ တက္ကသိုလ်​ ဆက်​တက်​ခိုင်းခဲ့သည်​....

အလုပ်​မရှိ​သော​ကြောင့်​ အခန်းခနဲ့တင်​ သူတို့မလည်​ပတ်​ခဲ့....

အခု​ခေတ်​မှာ အလုပ်​တခုရဖို့ဆိုတာ ​ကျားမြီး​ပြေးဆွဲရတာထက်​ အလွန်​ခက်​ခဲ​သော​ကြောင့်​ သူနဲ့သင့်​​တော်​မဲ့ အလုပ်​မျိုးရှာမ​တွေ့.....

ကြုံရာ ကုန်​ထမ်းတဲ့ အလုပ်​မျိုးလုပ်​ရမယ်​ဆိုရင်​​တောင်​ သူလုပ်​နိုင်​ပါသည်​...

အဓိကက အလုပ်​ရပီး အခန်းခနဲ့ ညီမ​လေး ​ကျောင်းမုန့်​ဖိုးသာ ရရင်​ သူ့အတွက်​လုံ​လောက်​သည်​....

သို့​သော်​ သူတို့ငှါး​နေတဲ့ အခန်းရဲ့​ဘေးက အသိအကိုတ​ယောက်​​ကြောင့်​ Barတွင်​ အလုပ်​ရခဲ့သည်​...

Barတခုလုံးရဲ့ ​တောက်​တိုမယ်​ရလုပ်​ခဲ့ရတာဆို​တော့ သူများ​တွေထက်​ နှစ်​ဆပင်​ပန်း​ပေမဲ့ သူခံနိုင်​ပါသည်​...

ညီမ​လေးဘွဲ့ရရင်​ သူဒီ​လောက်​က​တော့ ပင်​ပန်းလည်းခန​ပေါ့...

Busan မှာ ဆရာမကြီး အရိပ်​​အောက်​မှာ ​နေခဲ့ရ​တော့ သူတို့မှာ အချိန်​ကာလတခုအထိ မ​တောင့်​မတ မ​ကြောင့်​မကြပဲ ​နေနိုင်​ခဲ့​သော်​လည်း အခု Suolအခန်းခက တစ်​လနဲ့တစ်​လ ​ဈေးတက်​လာ​သော​ကြောင့်​ သူတ​ယောက်​ရဲ့ လစာနဲ့မ​လောက်​ငှ​တော့.....

ညီမ​လေးရဲ့ ​ကျောင်းစာအုပ်​ဖိုး​တွေကလည်း အရမ်း​ဈေးကြီး​သော​ကြောင့်​ လစာထုတ်​ရင်​ စားဖို့​တောင်​ မကျန်​​တော့​ပေ.....

ထို့​ကြောင့်​ Barတွင်​ ညီမ​လေးပါ အလုပ်​လုပ်​ခဲ့ရသည်​....

သူတကယ်​ ညီမ​လေးကို ထိုအလုပ်​မျိုး မခိုင်းချင်​ပါ​သော်​လည်း သူနဲ့တူ​သော​ကြောင့်​ ညီမ​လေးက ​ခေါင်းအရမ်းမာသည်​...

ကမ္ဘာမှား၍ကျသောမျက်ရည် (Z/U)Where stories live. Discover now