💕Little Extra💕

Start from the beginning
                                    

"ဟာဘာ​တွေ​ပြော​နေတာလဲ..."

"ကိုယ်ဘာ​ပြောလို့လဲ...ဟိုနား​ရောက်ရင်ချ​ပေးမယ်​ပြောတာ​လေ..."

"မရဘူးကွာ..ခုလွှတ်​ရေကူးမို့..."

"မကူးပါနဲ့ကွာ...လိမ္မာပါတယ်..."

"အရှင်​​နော်..."

"အာ..babyကလည်း..."

"အရှင်ကလည်းbabyလည်းကူးချင်တယ်​လေ​နော်🥺🥺"

"ဟာ...​ဘေဘီကဆိုးပြီကွာ..."

"​နော်လို့..."

"အာ့ဆိုအကျီဝတ်ပြီးကိုယ့်ရင်ခွင်ထဲက​နေ​ဆော့...."

"ဟွန့်...ဘယ်လိုလုပ်ဆော့ရမလဲ"

"မရဘူးကွာ..."

"ပြီး​ရောဗျာ...​ပေးအကျီ..."

"လိမ္မာတယ်ကိုယ့်​ဘေဘီ​လေးက...သား​တော်က​တော့​ဆွေ့ခနဲမပြီးသွားပြီ..."

"ဟီးဟီး..အဲလက်စ်​လေးသနားပါတယ်"

ဟုတ်ပါရဲ့အန်ချန်းတစ်​ယောက်အဲလက်စ်ကိုပခုံး​ပေါ်ထမ်းတင်ပြီးထွက်သွားလိုက်တာ...စကား​တောင်​ပြောခွင့်မ​ပေး.....

"ဘုတ်!"
"အ့!"

အခန်းထဲ​ရောက်သည်နှင့်ကုတင်​ပေါ်သို့ဘုတ်ခနဲပစ်ချခံလိုက်ရသည့်အဲလက်စ်ရယ်ပါ​လေ......

"ဘာလုပ်တာလဲ.."

"ကျစ်..!"အဲလက်စ်​မေး​နေတာကိုမ​ဖြေဘဲ​ခေါက်တုံ့​ခေါက်ပြန်​လျှောက်​နေ​သောအန်ချန်း.. .လက်​တွေမှာလည်းဂဏာမငြိမ်ဖြစ်လျက်......

"အန်ချန်းဖူ...ငါ​မေး​နေတယ်ဘာဖြစ်​နေတာလဲလို့!"​လေသံမာသွား​တော့မှ​လျှောက်​နေတာကိုရပ်လိုက်ကာသူ့အားစိုက်ကြည့်လာ​လေသည်​ကြောင့်အဲလက်စ်ကိုယ်​လေးကျုံ့သွားရသည်......

"Alex Zheng!"

"ဟင်...😳"

"​​သေချာနား​​ထောင်!"

ဟင်..ငါ့ကိုစိတ်ဆိုးပြီးကွာရှင်းဖို့​ပြော​တော့မှာလား...ဟင့်အင်း..မကြားချင်ဘူး...

"မ​ထောင်ဘူး..."

"မရဘူးနား​ထောင်ရမယ်..."

"ဟင့်အင်းလို့!"ဟုဆိုကာနားနှစ်ဖက်ကိုပိတ်လျက်​ခေါင်းခါ​နေ​သောအဲလက်စ်အားလက်နှစ်ဖက်ကိုချုပ်လိုက်​တော့မျက်နှာကိူလွှဲသွား​လေသည်  ...

💕Only With You💕(Completed)Where stories live. Discover now