💕မင်းနဲ့မှ💕Part3

3.1K 365 23
                                    

မိုးလင်းချိန်တွင်​တော့အန်ချန်းတစ်ကိုယ်လုံး​တောင့်တင်းလို့​နေ​လေသည်...ရင်ခွင်ထဲမှသတ္တဝါ​လေးသည်မ​နေ့ကအတိုင်းပုံစံမ​ပြောင်း​ခွေ​ခွေ​လေးအိပ်​ပျော်​နေတုန်းပင်.......ထိုစဥ်လူးလူးလွန့်လွန့်ဖြစ်လာ​သောAlex​ကြောင့်အိပ်​ပျော်ချင်​ယောင်​ဆောင်​နေလိုက်သည်.....

အဲလက်နိုးလာ​တော့မိမိ​ရောက်​နေတဲ့​နေရာသည်အိပ်ယာမဟုတ်ဘဲရင်ဘတ်ကြီးဖြစ်​နေတာ​ကြောင့်​သေချာပါသည်သူညကကားထဲမှာအိပ်​ပျော်သွားတာ​ကြောင့်အန်ချန်း​​ခေါ်လာရတာဖြစ်မည်...ဒါ​ပေမဲ့ဘာ​ကြောင့်အိပ်ရာ​ပေါ်မဟုတ်ဘဲသူ့​ပေါ်မှာလည်း​လေ.....အိပ်​ပျော်​နေတဲ့သူ့မျက်နှာ​ချော​ချောကြီးအား​​မော့ကြည့်မိစဥ်ခဏမှင်သက်သွားရ​လေသည်....စ​စ​တွေ့တည်းကအများနဲ့မတူထူးခြား​နေသည့်သူ့ပုံစံသူ့စတိုင်လ်​လေးသည်ဒီလူရင်ကိုခုန်လှုပ်​စေခဲ့သည်...သူ့​ကြောင့်ကိုယ့်စိတ်ကို​တောင်​သေချာမသိ​တော့၍သူငယ်ချင်းများ၏အကြံအတိုင်းမိန်းက​လေးလိုဝတ်ကာ​ယောကျာ်း​လေးများနှင့်စမ်းပြီးdateခဲ့ရသည်အထိကိုရူးခဲ့ပါသည်......ဒီရင်ခွင်ထဲမှာသာဒီလို​လေးခိုလှုံရမယ်ဆိုတစ်သက်လုံးမနိုးဘဲအိပ်​နေချင်မိပါရဲ့......လက်​ချောင်း​လေးများသည်သတိလက်လွတ်နှင့်သူ့ပါးပြင်ထက်​ပြေးလွှား​နေမိသည်....အိပ်ချင်​ယောင်​ဆောင်​နေသူ​​ကောင်​လေးမှာ​တော့ရင်ခွင်ထဲမှအ​သေး​ကောင်၏လုပ်ရပ်​ကြောင့်မျက်နှာများပင်နီလို့​နေသည်......

"ဖက်...အ့..."

"ထ​တော့..."ရုတ်တရက်ပါးကိုဖြတ်ခနဲရိုက်လိုက်​​သောအ​သေး​လေး...ဪ ..ဒင်းကရိုက်ဖို့အတွက်​နေရာချိန်​နေတာ​ပေါ့​လေ.....တကယ်​တော့ရှက်ယမ်းယမ်းပြီးရိုက်လိုက်တာကိုသူမသိလိုက်ပါ......

"ခဗျားအရင်ထပါလားဗျ...ဒီမှာ​ခြေ​ထောက်ကျဥ်နေပြီ"

"ငါ...ငါလည်းထမလို့...မင်းကငါ့ကိုညှစ်ထားတာကိုး..."(အလို​တော်ဘာ​တွေညှစ်ထားတာတုန်း😳😳)

"အင်း..​ဆောရီး..."

"​အေး...."ထိုမှသာအ​သေး​ကောင်​လေးသည်လှစ်ခနဲဆင်းသွားကာ​​ရေချိုးခန်းထဲ​​​ပြေးဝင်သွား​လေ​တော့သည်...အန်ချန်းက​တော့အိပ်ယာထက်ဝယ်​ကြောင်​တောင်​တောင်နှင့်သာ......ထိုအ​သေး​ကောင်​လေး၏မျက်လုံး​လေးများသည်တစ်စုံတစ်​ယောက်နှင့်တူလွန်းသည်.....ယဲ့နဲ့စ​တွေ့တုန်းကလိုကြည်လဲ့​နေတဲ့မျက်လုံး​လေး​တွေ..........

💕Only With You💕(Completed)Dove le storie prendono vita. Scoprilo ora