💕မင်းနဲ့မှ💕Part1

10.4K 571 28
                                    

ခမည်း​တော်က​ပြောတယ်
အချစ်ဆိုတာ
ရယူခြင်းလည်းမဟုတ်သလို​ပေးဆပ်ခြင်းလည်းမဟုတ်ဘူးတဲ့
တစ်ခါတစ်​လေရယူသင့်ရင်ရယူရသလို​ပေးဆပ်သင့်ရင်လည်း​ပေးဆပ်ရတယ်တဲ့
တစ်ခါတစ်​လေကျ​တော့လည်းအိပ်​ပျော်​နေတုန်းရယူသင့်တာ​တွေရယူတက်ရမယ်တဲ့....(စလာတည်းကက​လေးကိုဘာ​တွေသင်ထားတာလဲအရှင်​ရေ)

ပါပါးက​တော့​ပြောတယ်
အချစ်ဆိုတာအိပ်​ပျော်​နေတုန်း​ပေးဆပ်လိုက်ရတာတဲ့...အယ့်ဒီ့​ပေးဆပ်ခြင်းက​နေမှတစ်ဆင့်ထာဝရအတွက်အချစ်ဖြစ်လာတာတဲ့......

ကျွန်​တော့်အတွက်​တော့အချစ်ဆိုတာသူ​ရောကိုယ်​ရောမူး​နေတုန်းလူမှားပြီးတူတူ​နေမိပြီးမှလူမှား​နေမှန်းသိသွားတဲ့အချိန်လူမိသွားတာပဲ......ဘဝကြီးကအစစအရာရာရိုးရှင်း​နေရာက​နေသူနဲ့​တွေ့မှရှုပ်ရှက်ခတ်ကုန်တာရာဇဝင်ရိုင်းလိုက်တာ.....ကျွန်​တော့်ရဲ့နှစ်၅၀၀​ကျော်သက်တမ်းမှာကျွန်​တော်ကရှုပ်ခဲ့တာပဲရှိတယ် ......ခုက​တော့အရှုပ်ခံရတဲ့သူကကျွန်​တော်ဖြစ်​နေတာလက်သင့်မခံချင်စရာပဲ....ရာဇဝင်ရိုင်း​လေစွ......အယ့်ဒီ့လိုနဲ့ပဲကျွန်​တော့်အတွက်အချစ်ဆိုတာမူ​းနေတုန်းအရယူခြင်းဖြစ်သလို​ပေးဆပ်ခြင်းဖြစ်ပြီးပါးပါး​ပြောသလို​တော့အယ့်ဒီ့​ပေးဆပ်ရယူခြင်းကထာဝရမတည်တံ့နိုင်ပါဘူး​လေ....ဒါဟာမ​တော်တဆမို့လို့.....

Lamborghini ကားအပြာ​ရောင်လွင်လွင်​လေးသည်high wayလမ်းတစ်​လျှောက်အရှိန်ဖြင့်လွတ်လပ်​ပေါ့ပါးစွာ​ပြေးနှင်လို့​နေသည်.........

"တီ...တီ...."​ပေါ့ပါးစွာနှင်​နေ​သောထိုကား​လေး​နောက်မှ​​နောက်ထပ်​ရွှေ​ရောင်လေးတစ်စီးသည်ဟွန်းတရစပ်တီးကာပါလာ​လေသည်.......

"ကျစ်...."ကားအပြာ​လေးသည်လမ်းလယ်​ခေါင်တင်တွင်ရပ်လိုက်​လေသည်...​ဘေးကပ်ရပ်စရာမလိုပါ...ဒီလမ်းတစ်လမ်းလုံးကို၂နာရီအတွင်းသူပိုင်တာမို့လို့....
ကားအပြာ​လေးရပ်သွားတာနဲ့​နောက်မှ​ရွှေ​ရောင်ကားထဲမှနက်​မှောင်​နေ​သောဆံပင်အရှည်​ကောက်​ကောက်​လေးနှင့်အားကစားဝတ်စုံဝမ်းဆက်​လေးဝတ်ဆင်ထား​သောအသက်၂၀​ကျော်အရွယ်မိန်းမလှ​လေးတစ်ဦးသည်​ကျော့​မော့စွာဆင်းလာ​လေသည်......ပန်း​သွေး​ရောင်နှုတ်ခမ်း​ပါး​လေး​တွေကနှစ်ချိုက်စွာပြုံးလို့ပါးမို့မို့​လေး​တွေက​ဖောင်းတက်လို့ဆံနွယ်​လေး​​တွေကနဖူး​ပေါ်မှာဟိုတစ်စသည်တစ်စနှင့်ဝဲကျလျက်..ကားအပြာ​လေးနား​လျှောက်သွားကာမှန်​လေးကို​ခေါက်လိုက်​တော့အထဲမှလက်တစ်​ချောင်းထွက်လာ​လေသည်....လက်ဆိုတာလက်ခလယ်​ပေါ့.....

💕Only With You💕(Completed)Waar verhalen tot leven komen. Ontdek het nu