“အငယ်မ .. အဲဒါနင်ဝင်ပြောရမယ့်စကားလား ကလေးကလေးလို မနေဘူး”

“ညီမလေးက အသက် ၁၆ နှစ်ရှိပါပြီနော် မငယ်တော့ပါဘူး”

“၁၈ နှစ်ပြည့်မှ စကားပြော ကောင်မလေး .. အခုတော့ ကလေးလိုပဲနေလိုက်အုံး”

ကုဝေ ခပ်တင်းတင်းနဲ့ မာန်လိုက်တော့မှ ယုဝေက ဇက်ကလေးပုလို့သွားသည်။

ဆူချင်စရာကောင်းတဲ့ကိစ္စကြီးမဟုတ်ပေမယ့် အတင်းလိုက်စနေမှာကို မလိုလားတာကြောင့် ကုဝေ အသံကိုမာကာ ပြောလိုက်ခြင်းသာဖြစ်သည်။

ကိုယ့်ဘက်က ရှောင်းဝမ်ကို ဘယ်လိုမှသဘောမထားတာကြောင့် ဘေးလူတွေဝိုင်းစနေတာမျိုး ကုဝေ မကြိုက်ပါ။

“ဘာမှမဆိုင်တဲ့ ညီမလေးကို မဲမနေနဲ့ ရှောင်းဝမ်လေးကိုသာ စဉ်းစားပေးလိုက် ဟုတ်ပြီလား”

“ပါးကလဲဗျာ ရှောင်းဝမ်ပုံစံက သားသဘောကျတဲ့ပုံစံမျိုး မဟုတ်ပါဘူးဆို ကျွန်တော့်ဘက်ကတော့ နိုးပဲ … ကျွန်တော် ဆေးရုံသွားတော့မယ် .. နောက်ကျရင် ကားလမ်းပိတ်ပြီး ဆေးရုံရောက်တာ နောက်ကျနေမှာစိုးလို့”

စကားစ မြန်မြန်ဖြတ်ကာ ကုဝေထိုင်ရာမှထလိုက်သည်။ ရှောင်းဝမ်နဲ့အတင်းလှော်နေမှာစိုးလို့ရော၊ အလုပ်တကယ်နောက်ကျမှာစိုးလို့ရောမို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။

Xxxxxxxx

ရှောင်းဝမ်ကို စာသင်ဖို့သွားရန် လုပ်နေတုန်း ရှောင်းဝမ်နေမကောင်းလို့ ဒီနေ့စာလာသင်ဖို့မလိုကြောင်း ရိရှောင်းက ဖုန်းဆက်လာလေသည်။

Ops! Esta imagem não segue as nossas directrizes de conteúdo. Para continuares a publicar, por favor, remova-a ou carrega uma imagem diferente.


ရှောင်းဝမ်ကို စာသင်ဖို့သွားရန် လုပ်နေတုန်း ရှောင်းဝမ်နေမကောင်းလို့ ဒီနေ့စာလာသင်ဖို့မလိုကြောင်း ရိရှောင်းက ဖုန်းဆက်လာလေသည်။

အစကတော့ မသင်ရလဲနားရတာပေါ့ဆိုတဲ့အတွေးနဲ့ အိမ်ပြန်ဖို့လမ်းကို ဦးတည်မောင်းနေပြီးမှ ရိရှောင်း ဖုန်းထဲမှာပြောတဲ့စကားတွေ နားထဲပြန်ကြားယောင်လာမိသည်။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Onde as histórias ganham vida. Descobre agora