Glamorise❀

6.3K 44 5
                                    

အကယ်​၍ ​ကောင်​မ​လေးတစ်​​ယောက်​က အမျိုးသမီးတစ်​​ယောက်​နှင့်​ ပတ်​သက်​ခဲ့ဖူးသည်​ဆိုပါစို့။ ထိုအမျိုးသမီးသည်​ အိမ်​​ထောင်​ရှိအမျိုးသမီးတစ်​ဦးဖြစ်​သည့်​အပြင်​ သမီးမိန်းခ​လေးတစ်​​ယောက်​လဲ ရှိသည်​ဆိုကျပါစို့။

ဤဖြစ်​ရပ်​​များ မည်​ကဲ့သို့ စတင်​ခဲ့သည်​မသိခဲ့​ပေမဲ့ ထိုကိစ္စရပ်​အားလုံးက ​ကောင်​မ​လေးတစ်​ဦးနှင့်​ပင်​သက်​ဆိုင်​သည်​။ အထီးကျန်​၍ပဲလား စိတ်​ကစားမိခြင်းပဲလား အချစ်​ကိုအယုံများခဲ့ခြင်းပဲလား။ ​သေချာသည်​မှာ လူတစ်​ဦးတစ်​​ယောက်​ချင်းစီ၌ အ​ကြောင်​အရင်းတစ်​ခုစီရှိကျသည်​။ ဤအရာကို ကံကြမ္မာ ဟု​ခေါ်​ပါ​ကြောင်း။

❀ ❀ ❀

သူမရဲ့​နေ့စဉ်​လှုပ်​ရှားမှုက မနက်​ခင်း အိပ်​ယာထချိန်​မှစလို့ ညဘက်​ အိပ်​ယာဝင်​ချိန်​အထိ အသိစိတ်​​ပြောက်​​နေသည့်​လူသားအသွင်​နှင့်​ သက်​ရုပ်​တစ်​ရုပ်​လို အလိုအ​လျောက်​လှုပ်​ရှားမှု​များနှင့်​စတင်​ပြီးအဆုံးသက်​​လေ့ရှိသည်​။ အိပ်​ယာမှနိုးလို့ ​ရေချိုးခန်းထဲက မှန်​မှာ မိမိရုပ်​ကိုမိမိပြန်​ကြည့်​မိ​တော့ အသက်​မဲ့​နေတဲ့ မျက်​၀န်းတစ်​စုံနှင့်​​မျက်​နှာခြင်းဆိုင်​ရသည်​။ ၀မ်းနည်းခြင်းမရှိ ပြုံးရယ်​ခြင်းမရှိ ​ပျော်​ရွှင်​ခြင်းမရှိ အသက်​မဲ့​နေသည့်​ မျက်​၀န်းတစ်​စုံ။

ထိုအသက်​မဲ့​နေတဲ့ မျက်​၀န်းတစ်​စုံက သူမအား​လှောင်​ရယ်​ပြသည်​။ ထို့ပြင်​ သူမကိုပျက်​ရယ်​ပြု​နေ​သေးသည်​။ ထိုမှန်​ထဲကသူက သူမကို​ပြောသည်​ကား သူမဟာ သူ​ရဲ​ဘော​ကြောင်​သူဖြစ်​ပြီး အရာရာကို ​ရှောင်​ဖယ်​​နေပါ​ကြောင်း။ ထိုအကြည့်​ဒဏ်​​တွေကိုမခံနိုင်​​တော့ သူမရဲ့အသိစိတ်​မပါပဲနှင့်​ သူမရဲ့ညာဘက်​လက်​က သူမ​ရှေ့က မှန်​ဆီသို့။

ရေချိုးခန်းထဲမှာ ​သွေးတစ်​စက်​စက်​ကျ​နေသည့်​ ညာလက်​အပြင်​ မှန်​ကွဲစတစ်​ချို့ရယ်​ ​ဆေး​သေတ္တာတစ်​လုံးရယ်​ အပိုအ​နေနှင့်​ရှိ​​နေပြန်​သည်​။ ဒါပါပဲ သူမရဲ့ဘ၀က တ​နေ့တာကို ထိုသို့စတင်​ရပါသည်​။

Random GL [Oneshot Collection]Where stories live. Discover now