Myuu 'U'

368 27 0
                                    

စိတ်ညစ်ငြူးနေလျှင် လုပ်သည့်အလုပ်ကိုပြောပါဆိုလျှင်နှစ်ခုရှိသည်။ ရိုးရိုးသာမာန်အလုပ်ကိစ္စကြောင့်စိတ်ညစ်နေလျှင် ဝီစကီတစ်ခွက်နှင့်ဆေးကရက်ကအဖော်ပြုပေးသည်။ ထိုအလုပ်ကိစ္စထပ်ပိုပြီးဆိုးသည့်စိတ်ညစ်စရာများကြုံလာလျှင် လုပ်သည့်အပြုအမှုက sex ပါတဲ့။

မတစ်ထောင်ဖွားများအားအုပ်ချုပ်ရသည့်အကြီးအကဲတစ်ယောက်ဖြစ်နေ၍ တရက်တရက်သူ့အတွက်စိတ်ဖိစီးမှုက သာမာန်လူများရဲ့၃ဆလောက်ဖြစ်နိုင်သည်။ တစ်ခါတစ်ရံ နယ်ဘက်က ပစ္စည်းများရန်ကုန်သိူ့တင်ပို့မှုနောက်ကျနေလျှင်ပို၍ခေါင်းကိုက်ရသည်။ လုပ်ငန်စုတစ်ခု၏ခေါင်းဆောင်ပိုင်းနေယူထားရတာလွယ်ကူသာ့်အလုပ်မှမဟုတ်ပဲ။ ဒါပေမဲ့လဲ ဒါဟာသူလိုချင်တဲ့ဘဝတစ်ခုဖြစ်နေခဲ့တာလေ။ ငယ်စဥ်ကထဲဆင်းဆင်းရဲရဲနေလာခဲ့ရ၍ အခုလိုမျိုး သုံးနိုင်ဖြုန်းနိုင်အောင်အထိ ဘယ်လိုရုန်းကန်ခဲ့ရလဲ အောက်ကျွံခဲ့ရလဲ အနိမ်ခံခဲ့ရလဲဆိုတာ သူကိုယ်စောင့်နတ်သာသိလိမ့်မည်။

"ဟေး ယူ စိတ်ညစ်စရာတွေရှိနေပြန်ပြီလား"

"ဇွန်ဇင် ရောက်ပြီလား အေးကွာ ဒီမှာလေ လကုန်ခါနီးစာရင်းချုပ်ရင်ဖြစ်နေကျပြဿနာပဲပေါ့ အမြဲတို့ခေါင်းပေါ်ရောက်ရောက်လာတာ အချိန်တန်ရင်ပိုက်ဆံသာလိုချင်တဲ့လူတွေလိုမျိုးမနေနိုင်တော့ ခေါင်းခံနေရတာကွာ"

"ဒါ ယူ လိုချင်တဲ့ဘဝပဲလေ မေခလှိုင် ရဲ့"

"အဲ့နာမည်အရင်းကြီးမခေါ်စမ်းပါနဲ့ကွာ ကိုယ့်အကြောင်းသိရဲ့သားနဲ့"

မေခလှိုင် ဇွန်ဇင် သွေးမတော်ပေမဲ့ ညီအမကဲ့သို့ ဆယ်နှစ်ကျော်ကထဲကပေါင်းလာခဲ့သည့်သူငယ်ချင်းနှစ်ယောက် အခုဆိုအသက် ၄၀ပြည့်တော့မဲ့အချိန်ထိအတူတူရှိနေသေးသောသူငယ်ချင်းနှစ်ယောက်။

"ဒီနေ့ သွားနေကျနေရာသွားမလို့ လိုက်ခဲ့ပါလားအပျင်းပြေ"

"မင်းကလဲ ဘာလဲမင်းအမျိုးသားနဲ့ရန်ဖြစ်လာပြန်ပြီလား တို့ဆီရောက်ချလာတာ"

"အဟင်းဟင်း အိမ်မှာတို့လဲ နားပူလို့ကွာ ယောကျ်ားနဲ့ရန်ဖြစ်ရတာစိတ်ပျက်ဖို့ကောင်းတယ် ယူပဲသာယာတယ်နော် အခုထိတစ်ကိုယ်တည်းအပျိုကြီးလုပ်နေတာ"

Random GL [Oneshot Collection]Where stories live. Discover now