ဒီကောင်မလေး ငါနဲ့ရှိန်းအကြောင်း တစ်ခုခုများ သိထားတာလား။ငယ်လေးလည်း ယောနဲ့ တစ်ပါတီတည်းလား။နေသစ်နဲ့ရှိန်းကို ပေးစားရေး ဒို့အရေးဆိုတဲ့ ယောရဲ့ပါတီအဖွဲ့ဝင်များ ဖြစ်သွားတာလား။

နေသစ်တစ်ယောက် လျှောက်တွေးရင်း အတွေးတွေလွန်နေသည်။

ဘယ်လိုပဲနေနေ နောက်ဆုံးတော့ နေသစ်နဲ့ရှိန်းက မျက်နှာချင်းဆိုင်။ဆတ်သာနဲ့ယောက မျက်နှာချင်းဆိုင် ထိုင်ဖြစ်သွားလေသတည်းပေါ့။

ရုတ်တရက်ကြီး ရောက်ချလာတဲ့ ခွန်နှစ်ခွန်(ခွန်နေသစ် ခွန်ဆတ်သာ) မောင်နှမကြောင့် ယောနဲ့ရှိန်းလည်း နေရခက်နေသည်။

"စားကြလေ"

နေသစ်ကပဲ လူကြီးပီပီ အေးဆေးတည်ငြိမ် ​ယောင်ဆောင်ပြီး စားပြရတာပေါ့။ တကယ်တော့ နေသစ်ရင်ထဲမှာလည်း တည်ငြိမ်မှုတော့ရှိမနေ။ အခုနောက်ပိုင်း ရှိန်းနဲ့တွေ့လိုက်တိုင်း အခုလို ဂနာမငြိမ်ဖြစ်ချင်လာတာ ဘာလို့လဲဆိုတာကို ​နေသစ်တွေးမိသည်။

"အဟမ်း...အဲ့ကြက်သားတုံး ကိုယ့်ကိုပေး"

ကိုယ့်ပန်းကန်ထဲက ကြက်သားတုံးကို လာတောင်းနေတာကြောင့် ဆတ်သာကို ယောပြူးကြောင်ကြောင်နဲ့ ကြည့်လိုက်သည်။
အူကြောင်ကြောင် လုပ်နေတဲ့ ယောဆီက ကြက်သားတုံးကို ဆတ်သာ ကိုယ်တိုင်ပဲယူလိုက်ပြီး အသားနွှင်ပေးရင်း တစ်ဖက်ချင်းစီကို ယောပန်းကန်ထဲ ပြန်ထည့်ပေးနေသည်။

"မင်းက ဘယ်ဘက်လက်နဲ့ ဇွန်းကိုင်ပြီး မထော်တနန်းတွေ လုပ်နေတာလေ။ မြင်ရတာ စိတ်မချမ်းသာလို့ ကိုယ်က နွှင်ပေးတာ"

စေတနာရှိလို့ နွှင်ပေးတယ်ပြောရင် မြွေကိုက်သွားမှာဆိုးလို့လားဆိုပြီး ယော မေးလိုက်ချင်ပေမယ့် ခွန်နေသစ်ကလည်း ရှိနေတော့ မမေးတာပဲ ကောင်းပါတယ်လေ။

အစကတော့ ခွန်နေသစ်နဲ့တွေ့တိုင်း ရင်တွေဗရမ်းဗတာခုန်ပြီး နားရွက်ဖျားတွေတောင် ရဲလာတတ်ပေမယ့် အခုတော့ ဘဲကြီးခွန်နေသစ်ကိုတွေ့ရင် ဆွဲနမ်းပစ်ချင်တဲ့စိတ်ပဲ ဖြစ်နေတဲ့ ရှိန်းလေးကတော့
ဆတ်သာနဲ့ယောကို ကြည့်ပြီး ပြုံးဖြီးဖြီးဖြစ်နေသည်။

Non Romantic System(Completed)Where stories live. Discover now