Part-13

12.1K 915 22
                                    

အဲ့တာကတော့ ဂျစ်တူးလေးမို့လိုပါ။

******

မနက်ရှစ်နာရီလောက်မှာ ဆတ်သာရဲ့ကားလေးက ယောတို့အိမ်ရှေ့ကို ရောက်လာသည်။
ကိုယ်က စောသလားမှတ်ရတယ်။ယောက အကုန်ပြင်ဆင်ပြီး ခြံရှေ့က ဒန်းလေးမှာ ထိုင်တောင်စောင့်နေသေးတယ်။ ဒူး​အောက်နည်းနည်းရောက်တဲ့ ဂါဝန် အသားရောင်နုနုလေးကို ရိုးရိုးလေးဝတ်ထားတဲ့ ယောပုံစံလေးက ဒီ​နေ့မှပိုပြီး ချစ်ဖို့ကောင်းနေသလားပဲ။ ဆတ်သာ ကားရပ်လိုက်တော့ ဒန်းကနေ ယောထလာသည်။

အရင်နေ့တွေက သေချာမကြည့်မိလိုက်။အခုသေချာ သတိထားကြည့်မှ ​ယောတို့အိမ်လေးက အတော်ချစ်ဖို့ကောင်းပြီး နေချင်စရာလေးဖြစ်သည်။ခဲရောင်အနုနဲ့အရင့်ကို တွဲသုံးထားတဲ့ တစ်ထပ်တိုက်ပုလေး။အပေါ်နားမှာလည်း ထပ်ခိုးသေးသေးလေးက ပါသေးတယ်။ခြံထဲမှာရော ခြံရှေ့မှာပါ ပန်းပင်လေးတွေ မျိုးစုံစိုက်ထားပြီး အိမ်ဘေးမှာတော့ ဂိုထောင်အသေးလေး တစ်ခုရှိကာ wishကား အနက်လေးတစ်စီး ရပ်ထားပုံထောက်ရင်တော့ ယောဖေဖေ ရှိနေလောက်သည်။

"ယော သွားပြီနော်"

"အေးအေး။ ဒါနဲ့ ဆတ်ကလေးရော မနက်စာ လာစားပါဦးလား"

ယောမေမေနဲ့ ယောရဲ့ vocalအစွမ်းက သွားနောက်လို့တော့ မရဘူး။ ယောကခြံရှေ့ကနေ ပြောပြီး ယောမေမေက အိမ်ထဲကနေ ပြောနေခြင်းဖြစ်သည်။

"Headက မစားတော့ဘူးတဲ့ မေကြီး။ သွားပြီနော်"

ပြောရင်းဆိုရင်း ကားပေါ်ကို ယော ရောက်လာသည်။

"Headသွားမယ် ။မြန်မြန်လေး။  ဒီ့ထပ်ကြာနေရင် မေကြီးရဲ့မနက်စာ စားရလိမ့်မယ်"

ဆတ်သာ ကားထဲကနေ ဆင်းချိန်တောင်မရလိုက်။ ယောက မြန်မြန်သွားဖို့ ဆော်သြောနေ၏။

ကားလေးသွားတော့မှ ယောလည်း သက်ပြင်းချနိုင်တော့တယ်။

အလောတကြီးဖြစ်နေသည့် ​ယောကို ဆတ်သာ နားမလည်နိုင်စွာ မေးလိုက်သည်။

"မနက်စာကျွေးတာ ဘာဖြစ်လို့လဲ ယော"

"အာ... မေကြီးရဲ့ထမင်းကြော် စားရမှာကြောက်လို့"

Non Romantic System(Completed)जहाँ कहानियाँ रहती हैं। अभी खोजें