"ဒါ ကျွန်တော့်ဟာ "

နီရဲစိုလက်နေသည့် ပန်းသီးတစ်လုံးကို တစ်ဘက်က ဆတ်ခနဲ ကောက်ယူတော့ ရှောင်ကျန့်ကလည်း အလွှတ်မပေး။ ပန်းသီးတွေအများအပြား ရှိနေသည့်တိုင် ရှောင်ကျန့်ကလည်း ဒီပန်းသီးကိုမှ လိုချင်သည်။ နီရဲနေသည့်ပန်းသီးက ဆရာဝန်ကိုကို အတွက် ရည်ရွယ်ထားသည်မို့ ရှောင်ကျန့်က ပေးပစ်လိုက်ဖို့ အတွေးမရှိ။

"ငါ အရင်မြင်တာ လူငယ်လေးဖြစ်ပြီး
လူကြီးကို ရိုသေရမယ်ဆိုတာ မသိဘူးလား "

ဆဲဲကြိုး အကြီးကြီးကို လည်ပင်းညွှတ်လောက်သည်အထိ ဆွဲထားကာ လက်ကောက်တွေကလည်း တံတောင်ဆစ်နားရောက်နေသည်အထိ ဝတ်ထားသည့် မိန်းမကြီးကို ကြည့်လိုက်ရင်း တောဂိုက်ဟုရှောင်ကျန့်က စိတ်ထဲက တော့ ​ပြောနေမိ​ပြီ။

"အန်တီကရော ငယ်သူကိုသနားဆိုတာ မကြားဖူးဘူးလား ဒါ သားဟာ
သားအရင်မြင်တာ"

အပြာရောင်ဆံပင်တွေနှင့် အနက်ရောင်တွေချည်း ဝတ်ထားသည့် ရှေ့က ကောင်လေးကိုကြည့်ရင်း ဝမ်လျန်ဟွား ဒေါသတွေအထွတ်အထိပ်ရောက်နေရသည်။ တစ်ခြားသူတွေဆို သူမ တွက်ကပ်နေမှာမဟုတ်​ပေမယ့် ရှေ့ကကောင်လေးကိုတော့ သူမ အလျှော့မပေးလို။စွာတေးလန်အောင် ရန်တွေ့နေသည်က သူမသားနှင့်များ ​တခြားစီ။

"ဦးလေးကြီး သားကို ဒီပန်းသီး ထည့်ပေး"

"ကျွန်မ ကိုပေး"

ဦးလေးကြီးက ပန်းသီးတစ်လုံးကို လုနေကြသည့် လူနှစ်ယောက်ကြားမှာ ဗျာများနေဟန်။အငြင်းအခုံဖြစ်ကြရင်း တစ်စတစ်စကျယ်လာသည့် အသံများကြောင့် စျေးသွားစျေးလာတစ်ချို့ကလည်း မသိမသာအကဲခတ်နေကြသည်။ ရှောင်ကျန့်ကတော့ ထိုလူတွေကို ဂရုမစိုက်မိ။ သူချောလွန်း၍ ငမ်းကြသည်ဟူ၍ ပဲ သတ်မှတ်ထားလိုက်သည်။ Confidence level so high.

"မား ဘာလုပ်နေတာလဲ "

ရှောင်ကျန့်နှင့် ထို မိန်းမကြီး မျက်လုံးချင်း စစ်ခင်းနေသည့်အချိန်တွင် ကြားလိုက်ရသည့်အသံကြောင့် လူကတောင့်ခနဲ။ အတိအကျပြောရရင် ချိုမြနေသည့်ထိုအသံဟာ သူ့ရဲ့ နှစ်ယောက် မရှိသော အသည်းအသက် ပူတူးတူးလေး ဘေ ဘီလေး ဝမ်ရိပေါ်။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now