အိတ်တစ်အိတ်ကိုကိုယ့်စီထိုးပေးရင်း ပြန်လှည့်ထွက်သွားသည်။အခန်းထဲမဝင်ခင်အိတ်ထဲကိုအသာဖွင့်ကြည့်မိတော့ နီရဲ
ရဲဝတ်စုံတစ်စုံ။တောက်ပြောင်နေတဲ့ အသွင်အပြင်ကြောင့်
ဈေးအတော်ကြီးမယ်လို့ခန့်မှန်းမိသည်။

"အဲ့လောက်ချမ်းသာတယ်ပေါ့ သူက?"

ပွဲတစ်ခုတက်ဖို့ရှိတယ်ဆိုပြီးဖုန်းဆက်ပေမယ့် သာမန်ပွဲလောက်တက်ဖို့ပဲလို့ထင်ခဲ့တာ။အင်းလေ....စသေဘာတူထားက
တညကပွဲတွေတက်ဖို့ရှိရင် အတူလိုက်ပေးဖို့ပါထားပြီးသားပဲဟာ။

အနီရောင်ခပ်ရဲရဲကိုယ်ကျပ် dinner dress ကိုဝတ်ပြီးမှ
အကြပ်တွေ့သည်က ခါးနားကနေဆွဲတင်ဖို့ရှိတဲ့ဇစ်ကိုလက်က
မရောက်နိုင်ခြင်း။အကူအညီတောင်းလိုက်ရမလား။

ကန့်လန့်ကာစကိုအသာလေးဆွဲဟရင်းမျက်စောင်းထိုးအခန်း
ကခုံမှာထိုင်ရင်းဖုန်းသုံးနေတယ့်သူ့ကိုလှမ်းကြည့်လိုက်သည်။
နည်းနည်းတော့ရှက်ဖို့ကောင်းနေပေမယ့် အနားမှာဘယ်သူ့မှ
ရှိမနေတာမို့ ချောင်းဟန့်ကြည့်လိုက်သည်။

ထင်တဲ့အတိုင်းလှည့်ကြည့်လာတာမို့ ဇစ်ဆွဲမရတဲ့အ​ကြောင်းကိုအမူအရာနဲ့ပြောပြလိုက်တော့အနားကိုလျှောက်လို့လာသည်။

"အဟမ်း...ကျမကိုဇစ်လေးဆွဲပေးပါ"

လစ်ဟာနေတဲ့ကျောပြင်ကြောင့်အေးစိမ့်စိမ့်ခံစားချက်ကိုခံစား
မိနေသည်။အဲ့ဒါထက် မလှုပ်မယှက်ပဲကျောပြင်ကိုပဲစိုက်ကြည့်နေတဲ့သူ့ကြောင့် ပိုလို့ပင်မနေတတ်ဖြစ်လာတော့သည်။

"အဆင်မပြေတာများရှိလို့လား ပါ့ခ်ဂျီမင် ရှီ??"

"လှတယ်..."

ခပ်ရှရှအသံမှာလူကကြက်သီးဖြန်းခနဲ။

"မင်းနဲ့ကတိပေးထားတာမှာ ခွင့်ပြုချက်မရှိပဲ မင်းရဲ့ခန္ဓာကိုယ်
ကိုလက်နဲ့မထိရဘူးဆိုတာပါတယ်နော် ကိုယ်အခုဘယ်လို
လုပ်ပေးရမလဲ~"

ကျစ်...ဇစ်လေးဆွဲခိုင်းတာကိုဘာတွေလာပြောနေပြန်တာလဲ

"ရှင်ကူညီဖို့အဆင်မပြေရင်လဲ နောက်တစ်ယောက်_"

RIVALS [Completed]Where stories live. Discover now