Part - 25~ Clue (1)

Start from the beginning
                                    

ရေမိုးချိုးပြီးညဝတ်အကျီကိုလဲလိုက်ပြီး ဒီနေ့မလုပ်လိုက်ရတဲ့အစီရင်ခံစာတွေကို စစ်ဆေးနေတယ် သူအလုပ်ကိုစစ်နေပေမယ့် စိတ်ကတော့ပျောက်သွားတဲ့ cctv တွေထဲမှာစိတ်ရောက်နေတာကြောင့်အလုပ်ကို စိတ်နှစ်လို့မရတာကြောင့်ဘေးကအခန်းထဲကို ကြည့်ဖို့အခန်းပြင်ထွက်လာခဲ့တယ် ။

ထိုအခန်းမီးကိုဖွင့်လိုက်ပြီးရန်ဖေးပြုတ်ကျတဲ့ ပြတင်းပေါက်ကိုစစ်ကြည့်လိုက်တော့ တံခါးတွေက ပိတ်ထားလျက်ပဲ ရှောင်ကျန့်အခန်းထဲက အံဆွဲတွေတစ်ခုပြီးတစ်ခုဖွင့်ကာတစ်ခုခုများ ထွက်လာမလားရှာကြည့်ပေမယ့် ဘာမှရှာမတွေ့ ရှောင်ကျန့်လဲစိတ်ညစ်ညစ်နဲ့ အခန်းထဲကထိုင်ခုံမှာ ထိုင်လိုက်တော့မထင်မှတ်ဘဲအဝတ်စားတွေထားတဲ့ တံခါးကိုမြင်လိုက်တာကြောင့်ဖွင့်ကြည့်ဖို့လုပ်လိုက်တယ်။

မိန်းကလေးအခန်းမို့အဝတ်အစားတွေကို ဗီဒိုနဲ့တောင်မထည့်ဘဲသတ်သတ်တစ်ခန်းဖွင့်ကာလုပ်ထားပုံရတယ် ဒါပေမယ့်ထိုအခန်းကိုဖွင့်မရတာမို့သော့ကို အခန်းထဲလိုက်ရှာပေမယ့်မတွေ့ ။

~~~~~~~ ဒေါက် ~~~~~~ ဒေါက် ~~~~~~~

တံခါးခေါက်သံကြောင့် ရှောင်ကျန့်လန့်သွားပေမယ့် အားတင်းပြီးတံခါးသွားဖွင့်လိုက်တော့....

" ဝမ်ရိပေါ် !"

"မအိပ်သေးဘဲဘာလုပ်နေတာလဲ ''

"မင်းကရောဘယ်လိုလုပ်ရောက်လာတာလဲ ''

"မင်းအခန်းထဲမှာဒီလောက်ဆူညံနေတာ ဘယ်လိုလုပ်အိပ်လို့ရမှာလဲ ဘာပျောက်နေလို့ ကျီးကန်းတောင်းမှောက်အောင်ရှာနေတာလဲ ''

"ဘာရယ်မဟုတ်ပါဘူး ''

" အဝတ်စားခန်းကိုဖွင့်ဖို့လား ''

"အင်းဟုတ်တယ် ''

"ဖယ် ကိုယ်လုပ်ပေးမယ် ''
ရိပေါ်ရဲ့သူ့ကိုယ်သူ 'ကိုယ်' လို့နာမ်စားသုံးလိုက်တာကို ရှောင်ကျန့်ကြားပြီးတမျိုးကြီးဖြစ်သွားတယ် ရင်ထဲကလိကလိနဲ့ရင်တုန်သွားသလိုရန်ခုန်သွားသလိုနဲ့ ရင်ထဲအနွေးလှိုင်းလေးတခုဖြတ်သွားသလိုခံစားလိုက် ရတယ်

ရိပေါ်ပြောသလိုပဲသူတကယ်ပဲကွေးသွားပြီနဲ့တူပါတယ် ဝမ်ရိပေါ်ကိုမြင်ရင်အလိုလိုပျော်လာတာတွေ့ချင်ပြီးရင်း တွေ့ချင်လာတာသူအနောက်ကနေစကားတွေ လိုက်ပြောလာတာ ၊အခြားသူနဲ့သူ့ကိုသဝန်တိုတာတွေကို သဘောကျလာတာ ဒါတွေကသူကြိုက်နေပြီဆိုတဲ့ အဓိပ္ပါယ်လား ဒါပေမယ့်လဲသူ့အတွက်တွေဝေနေတုန်း သူတို့နှစ်ယောက်ကယောကျ်ားလေးတွေဖြစ်တဲ့အပြင် အမရဲ့ရည်းစားဟောင်းဆိုတာကြီးက သူ့ကိုဝန်ခံဖို့ခက်ခဲနေခဲ့တယ် ။

Mysterious Love ( Completed ) Where stories live. Discover now