Part-22~ Nightmare

Start from the beginning
                                    

တကယ်လို့ချစ်မိသွားရင်ရော သူနဲ့ငါကတွဲရင်ငါ့အမရဲ့ ရည်းစားဟောင်းနဲ့တွဲလို့ဖြစ်ပါ့မလား ကျဲနဲ့တွေ့တဲ့အခါ ဘယ်လိုမျက်နှာချင်းဆိုင်မလဲ...အာ မဟုတ်ဘူး ရှောင်ကျန့်မင်းအတွေးလွန်နေပြီသူကဒီတိုင်းနမ်းလိုက်တာဆိုရင်ရောမင်းတွေးတာလွန်နေပြီမဟုတ်လား

ဝမ်ရိပေါ်...ဝမ်ရိပေါ် မင်းငါ့ကအတွေးတွေကို အနမ်းတစ်ချက်နဲ့ တော်တော်စိုးမိုးထားနိုင်တာပဲ ''

ဒီလိုနဲ့အိပ်ရာထဲလူးလိမ့်နေတဲ့ကောင်လေးတစ်ယောက်ဟာ မသေချာမရေရာတဲ့ခံစားချက်တွေနဲ့အတွေးလွန် ပြီးရင်းအတွေးလွန်နေတာမို့ ဒီညအတွက်တော့ တော်ရုံအိပ်ပျော်တာ့မယ်မထင်ဘူး ။

ရန်ဖေးကအခြေနေပြန်မကောင်းသေးတာမို့ ရန်ဖေးရဲ့အလုပ်တချို့ကိုပါ ရှောင်ဟန်ကလုပ်ပေးရတာ မို့လို့ ညအတော်နက်နေပေမယ့်မအိပ်သေးဘဲ အလုပ်တွေလုပ်နေရတုန်း...
အချိန်ကြာအလုပ်လုပ်ပြီးတစ်နေကုန် ပင်ပန်းထားတာရယ်laptopကိုအကြာကြီးကြည့်နေတာရယ်ကြောင့်မျက်လုံးကိုက်လာပြီးအလုပ်ကိုလက်စသက် fileကိုsaveပြီးအိပ်ရာပေါ်တက်ခဲ့တယ် ။

သူ့ဘေးမှာအိပ်နေတဲ့ကျိုးချန်ကတော့အိပ်နေပြီမို့လို့
ဂရုတစိုက်ပဲအိပ်ရာပေါ်ဖွဖွတက်လိုက်တယ်သူအိပ်ရာပေါ်လှဲနေပေမယ့်အချိန်အတော်ကြာအိပ်မပျော်ဘဲဖြစ် နေတယ် သူ့မျက်လုံးကအရမ်းကိုအိပ်ချင်နေတာကြောင့် မျက်လုံးကိုအတင်းမှိတ်ပြီးသိပ်မကြာအိပ်ပျော်သွားတယ်

ဒါပေမယ့်ခဏနေတော့ သူမျက်လုံးပြန်ပွင့်လာတော့ အခန်းရဲ့မျက်နှာကြတ်ကိုမြင်လိုက်ရတယ် သူမျက်လုံးနဲ့ အခန်းထဲကြည့်လိုက်တော့လုံးဝကိုမှောင်မဲနေတာပဲ ခုနကသူမအိပ်မီအခန်းထဲမှာ အလင်းတချို့ဝင်နေပေမယ့် အခုတော့လုံးဝကိုအမှောင်ထုကြီးပဲအခန်းထဲစိုးမိုး ထားတယ် သူ့အတွက်ဒီအခြေနေကအိမ်မက်လား လက်တွေ့လားတောင် ခွဲခြားလို့မရတဲ့အခြေနေပါပဲ...

သူ့အိပ်ရာဘေးကိုလှမ်းကြည့်တော့ဝမ်ကျိုးချန်ကရှိမနေ
ကျိုးချန်အခန်းပြင်များထွက်သွားလားမသိဘူး စိတ်ထဲတွေးပြီးပြန်လှဲဖို့လုပ်တော့မျက်လုံးထောင့်ကနေ ဖျက်ခနဲအရိပ်တစ်ခုတွေ့တယ်

Mysterious Love ( Completed ) Where stories live. Discover now