"မပြောတတ်ဘူးလေ သူကြီးကြည့်ရတာ အူ
ကြောင်ကြောင်နဲ့ ကို"

"ဘာ!"

မျက်နှာတွေနီရဲသည်အထိ ဒေါသထွက်လာသော သူကြီးကို ကြည့်ရင်း ရှောင်ကျန့်ရယ်ချင်စိတ်ကို ထိန်းထားရသည်။ သူကြီးက အခုချိန်မှာ လေနည်းနည်းထပ်ထည့်လိုက်ရင်
ပေါက်ကွဲတော့မယ့် လေပူဖောင်းလိုပဲ။
ပေါက်ကွဲဖို့ အတွက်လိုအပ်နေတာက
ရှောင်ကျန့်ဆိုတဲ့ လေ.....။

တမင်တကာ ကြပ်နေသော ​မြေးကြောင့် အဘချန်ကြားထဲကပဲ လေပြေသွေးရသည်။
မဟုတ်လျှင်ဒေါသကုမ္မာရ သူကြီးက
ငဂျစ်ကောင် ကိုယ့်မြေးကြောင့် သွေးတက်နေအုံးမည်။

"ပေ ကျင်းက လာတာသူကြီးရေ"

"ကျန့်ကျန့် မဆိုးရဘူးလေ"

သူကြီးဘက်ကို ချိုချိုသာသာဖြေပြီး
သူ့ဘက်ကို မာန်လာသည့်အဘိုးကြောင့်ရှောင်ကျန့် နှာခေါင်းရှုံ့လိုက်ရင်း ရှေ့က သူကြီးလောကွတ်ချော်ထားသော လက်ဖက်ပန်းကန်ကို အပိုင်စီးလိုက်သည်။ စားစေချင်လို့တကူးတက ဧည့်ခံထားသည်ကို မစားရင် ရိုင်းရာကျမှာပေါ့...ဟဲ.. .ဟဲ။

လက်ဖက်ပန်းကန်ကို မောင်ပိုင်စီးကာ ရေနွေးကြမ်းသောက်နေသော ရှောင်ကျန့်ဘဝကသာသာယာယာ။ အဲ....လေဆာပစ်နေတဲ့သူကြီးရဲ့အကြည့်တွေကိုတော့ မမြင်ချင်ယောင်ဆောင်ရတာပေါ့လေ။ဗိုက်လဲဝပြီဆိုတော့ကျောင်းစာအုပ်ထဲကသူကြီးကို နည်းနည်းလောက်လေထိုးလိုက်အုံးမယ် ။

"အဘိုးချန်မြေးက ဘယ်လောက်နေမှာလဲ"

"ဘိုး...ဟိုဟာကဘာလဲ"

နှင်းဆီပင်ကိုလက်ညိုးထိုးရင်း ပြုံးစစမေးလာသည့် မြို့သားကောင်လေးကို ကြည့်ရင်း
ဝမ်သူကြီး မရှည်သည့်စိတ်တွေကို ဆွဲဆန့်ထားရသည်။ရှိစေတော့....ကလေးသာသာပဲရှိသေးတာ..... သားလောက်တောင်အသက်မကြီးသေးဘဲ.... ။

"ကျန့်ကျန့်"

တမင်မေးနေသော မြေးဖြစ်သူကို သတိပေးသလိုခေါ်လိုက်ပေမယ့် တစ်ကယ်တမ်းမြေးကပေကျင်းမှာ ဒီထက် မွှေပြီးမှန်းသိသည်။
သူ့စကားကို နားထဲ မရောက်မှန်းသိပြီးသားမို့အဘချန် သက်ပြင်းသာ ချမိသည်။
ထိပ်တုံးစာတော့ မမိလောက်ဘူးမလား မြေးရေ။

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now