"ကောင်လေး မြန်မြန် သွားဖွင့်ပေးလိုက်
မဟုတ်ရင် ငါတို့စခန်း အသံလွှမ်းတော့မယ်"

ရဲဲအုပ်က ဘေးနားတွင် ရှိနေသောရဲသားလေးအားငမြွှေထိုးကောင်ကိုမြန်မြန်ဆန်ဆန်ပင် အချုပ်ခန်းထဲမှ သွားထုတ်ခိုင်းသည်။ရှောင်ရန် အချုပ်ခန်းထဲမှ ထွက်လာသောသားဖြစ်သူကို ကြည့်လိုက်ပြီးခေါင်းရမ်းရုံသာတတ်နိုင်တော့သည်။

"ရဲအုပ်ဦးလေးကြီး... နောက်သုံးရက်လောက်မှထပ်လာခဲ့မယ်နော်"

ပါးရဲ့ဘေးမှာရပ်လိုက်ရင်းမှ ဒုရဲအုပ်ဦးလေးကြီးကို နှုတ်ဆက်လိုက်သည်။ ဝင်လာလိုက် ပြန်ထွက်လိုက် လုပ်နေသည့်သူ့ကို ဦးလေးကြီးကလည်း မှတ်မိနေသည်။ ရှောင်ကျန့်ဆိုတာ သုံးရက်တစ်ခါလောက် အချုပ်ခန်းကို ရောက်နေသည်ကိုး။ မွှေနိုင်လွန်းသော သူ့ကို ဦးလေးကြီးနှင့်အတူ ရဲသားလေးတွေကပါ ကြောက်ပုံပေါ်သည်။ရှောင်ကျန့်က တစ်ကယ်ဆို အချုပ်ခန်းက ကျွေးတဲ့ထမင်းမစားချင်ဘဲ ရဲအုပ်ချက်ကျွေးတာကိုပဲ စားချင်ပါသည်ဟု
တောင်းဆိုရုံလေးပင်။

........

"မင်းအဘိုးရှိတဲ့ ရွာကို သွားရမယ်
ရှောင်ကျန့်"

"ဗျာ မားမား!"

မနက်စာနှင့်နေ့လယ်စာကိုပေါင်းစားတတ်
သည့်ရှောင်ကျန့်အတွက် ဒီနေ့ရဲ့ နှစ်နပ်စာက
ကြားရတဲ့စကားကြောင့် အဆင်မပြေလှ။
Night clubတွေ Barတွေ မိန်းမလှလေးတွေကြား အလုပ်ရှုပ်နေသော ရှောင်ကျန့်က
ဖွံ့ဖြိုးတိုးတက်မှုသိပ်မရှိတဲ့ ရွာငယ်လေးကို
မသွားချင်။ရှောင်ကျန့်တစ်ယောက်ရှင်ရက်နဲ့ငရဲကျတော့မည်။

"မားကလဲ သားမသွားချင်ဘူးနော်မား
လိမ်လိမ်မာမာနေပါ့မယ်နော်မား
မဖြစ်မနေသွားရမယ်ဆိုလဲ လေးငယ်ရှိတဲ့လန်ဒန်ပဲ သွားပါရစေ"

အစားအသောက်မပျက်ပြောလာတဲ့သားဖြစ်သူ​ကြောင့် ရှောင်ရန်ပြုံးချင်ချင်ဖြစ်လာရသည်။သေချာသလောက်င​မြွှေထိုးလေးဟာ
သူ့မားကိုချွဲရုံနှင့်ပြီးသွားမည်ဟုသတ်မှတ်ထားသည့်ပုံ။

"သွားကိုသွားရမယ်ရှောင်ကျန့်"

"မားကလည်း"

ဝမ်သူ​​ကြီးသားနှင့်မြို့သားကိုလူချောWhere stories live. Discover now