" Por "
" အေး မင်းလည်း အိမ်ပေါ်ကဆင်းပြီး ရည်းစားနဲ့ပဲ အလေမလိုက်နေနဲ့ ကိုယ်ပိုင်သီချင်းတစ်ပုဒ်တောင် မဖန်တီးနိုင်သေးဘဲ ရထားတဲ့အောင်မြင်မှုနဲ့ ရေရှည်ခံလိမ့်မယ် ထင်နေလား ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ဆို မင်းအများကြီး ကြိုးစားရဦးမှာ မြဲမြဲမှတ်ထား "
စကားစစ်ထိုးချက်က ပြင်းလွန်းသဖြင့် Mr. Ruangrojကားပေါ်တက်သွားပြီး ကားမောင်းထွက်သွားသည့်တိုင် နှစ်ဦးသား နေရာမှာပင် တောင့်တောင့်ကြီး ရပ်နေခဲ့ကြသည်။ တအောင့်ကြာမှ စတင်လှုပ်ရှားလာကာ ဆိုင်ထဲဝင်ရန် ခြေလှမ်းပြင်နေသူ၏ လက်ကို ဆွဲတော့ ရုန်းဖယ်သည်။
" ကျွန်တော်က ဘာလို့ အဲ့လောက် အပြောခံရမှာလဲ "
" Krist "
" ကျွန်တော်လည်း ကျွန်တော့်အိမ်ရဲ့ အဖိုးတန်သားပါဗျာ အခုလို.. အခုလောက်ထိ... "
" Kit "
" မလိုက်လာနဲ့ ပြန်..ပြန်ပါတော့ "
သူ့ကို ဟန့်တားကာ ထိုကောင်လေး အထဲဝင်သွားသည်အထိ Singto လိုက်ကြည့်နေမိသည်။ သူ့ရဲ့ စိတ်ကြည်ဆေးလေးကို သူ ဝမ်းနည်းအောင် လုပ်လိုက်မိပြီ။
+_+_+_+_+_+_+_+_+_+_+_+_+_+_+_+_+
" ပြန်လာပါပြီ "
" ဟော မြေးSingလဲ ပါလာတာကိုး "
" အာ P' Sing "
မလိုက်ပါနဲ့တော့ဆိုပြီး သေချာပြောလာခဲ့တာကိုတောင် နောက်ကလိုက်ခဲ့သူကြောင့် Kristမျက်နှာက စူပုတ်နေပြီ။ ထိုSingtoသည် တကယ့်ကို လုပ်ချင်ရာလုပ်တဲ့ တဇွတ်ထိုးကြီး။
" ထိုင်လေ သားSing ဘယ်လိုလုပ် လိုက်လာတာလဲ "
" ကျွန်တော် ပါစတာစားချင်လို့ပါ "
အပြုံးမပျက် အဘိုးဖြစ်သူကို စကားပြောနေသည့် Singtoကို တကယ်လက်ဖျားခါမိပါသည်။ ဟန်ဆောင်ကောင်းလိုက်တာ...
" အေး အေး ကောင်းသကွယ် မြေးလေးKit ပါစတာလုပ်ကျွေးဖို့ ပြင်တော့ "
" အာ Khun Pou^ "
အပြင်မှ အဖြစ်အပျက်တို့ကို မသိလိုက်သည့် အဘိုးကတော့ Singtoစကားကိုသာ အတည်ယူပြီး Kristကို ချက်ပြုတ်ခိုင်းနေသဖြင့် မျက်နှာက ပိုဆူပုတ်လာမိသည်။
YOU ARE READING
SMILING Turtle
FanfictionChinese remake version လေးတစ်ခုပါ ချစ်စရာကောင်းလွန်းလို့ ပေါ့ပေါ့ပါးပါး SK version လေးအဖြစ် ပြန်လည် အသက်သွင်းထားပါတယ် Singto နာမည်ကြီး အဆိုတော်မင်းသား။ နွေးထွေးမှုသိပ်မပေးနိုင်တဲ့ မိသားစုရယ် အထင်လွဲမုန်းနေတဲ့ညီ ဖြစ်သူရယ် ကြောင့် မိသားစုအပြင်ဘက်မှာ...
SMILING Turtle: Misunderstanding!!!! It appears like this??
Start from the beginning
