SMILING Turtle: Accidently Turtle Fiance
[Zawgyi]
'' မင်းးး~ ဒီတစ်ညပဲနော် ''
'' ဗျာ... ''
လက်က ဖုန်တွေကို ခါနေရာမှ Krist မော့ကြည့်လိုက်မိတော့ သူ့အနား ဘယ်အချိန်က ရောက်လာလဲမသိပဲ သူ့ကို အုပ်မိုးကြည့်နေသည့် ထိုသူ။
'' မင်းးး ငါ့အိမ်လိုက်လို့ရတယ် ဒါပေမယ့် ဒီတစ်ညပဲနော် ''
Singto သူ့ကို မော်ငေးကြည့်နေပြန်သည့် အူလည်လည်ကောင်လေးကို စိတ်မရှည်ချင်တော့။
'' ကျစ် မလိုက်ချင်လဲနေ ငါသွားပြီ ''
'' အာ လိုက်မှာပေါ့ Khun ကလည်း စိတ်ကြီးပဲ ''
Singto ပြောကာ ထွက်လာတော့လည်း စပ်ဖြီးဖြီးရုပ်နှင့် နောက်ကလိုက်လာသည့် ကောင်လေးကြောင့် ခေါင်းအသာယမ်းရင်း ကားပေါ်တက်ခဲ့လိုက်တော့သည်။
တစ်နေ့တည်း တစ်စုံတစ်ယောက်၏ စွန့်ပစ်ခံရတာချင်းတူသည့် ထိုကောင်လေးကို သူ တစ်ချက် စာနာမိသွားကာ ထိုအကူအညီကို လက်ခံလိုက်သည်ကိုတော့ဖြင့် ထိုကောင်လေးများ သိခဲ့လျှင် ...။
'' ဝါးးး ဒါ Khun တို့အိမ်လား ရှယ်ပဲဗျာ ''
ခြံဝန်းအတွင်း ဝင်လိုက်သည်နှင့် တဝိုးဝိုး တဝါးဝါး လုပ်နေသော ကောင်လေးကြောင့် Singto အမြန်ဟန့်လိုက်ရပြန်သည်။
'' ရှူးးးး အော်မနေနဲ့ လူကြီးတွေ ကြားကုန်မယ်ကွ ''
'' ဟမ် ... ''
လူကြီးတွေ ကြားကုန်မယ်ဆိုတော့က ...။
'' ဟုတ်တယ် ငါ့အိမ်ကို မင်းကို ငါ ခိုးပြီး ခေါ်သွားရမှာ ''
Krist ဘာစကားမှ မပြောနိုင်တော့ဘဲ ဘာလို့လဲ ဆိုသည့်ပုံစံဖြင့်သာ မျက်ခုံးပင့်ပြီး လှမ်းကြည့်လိုက်တော့၏။
'' ငါ့အိမ်က ရှုပ်ရှုပ်ယှက်ယှက်ဆို မကြိုက်လို့ '
ရှင်းနေသော အဖြေကို Krist အထွန့်မတက်မိတော့။ ဘာလို့လဲဆိုသောအကြောင်းတွေက သူနှင့်မှ မသက်ဆိုင်ပဲလေ။ သူ့အတွက် အဓိကက ဒီနေ့ည အိပ်ဖို့နေရာ ရရန်အတွက်သာ။
'' အာ အိုကေ အိုကေ ကျွန်တော် ငြိမ်ငြိမ်ကုပ်ကုပ်လေး မရှိသလိုနေပေးမယ် ဟုတ်ပြီလား Khun... အဲ ... ''
YOU ARE READING
SMILING Turtle
FanfictionChinese remake version လေးတစ်ခုပါ ချစ်စရာကောင်းလွန်းလို့ ပေါ့ပေါ့ပါးပါး SK version လေးအဖြစ် ပြန်လည် အသက်သွင်းထားပါတယ် Singto နာမည်ကြီး အဆိုတော်မင်းသား။ နွေးထွေးမှုသိပ်မပေးနိုင်တဲ့ မိသားစုရယ် အထင်လွဲမုန်းနေတဲ့ညီ ဖြစ်သူရယ် ကြောင့် မိသားစုအပြင်ဘက်မှာ...
