SMILING Turtle: Accidently Turtle Fiance (Part 2)

1.1K 122 10
                                        

SMILING Turtle: Accidently Turtle Fiance  (Part 2)

[Zawgyi]

P' Jane ဖက်မှ ချသွားသော ဖုန်းကို နားမှမခွာမိသေးဘဲ Singto သက်ပြင်းချနေမိစဉ် တံခါးခေါက်သံနှင့်အတူ မိခင်၏ ခေါ်သံကြောင့် သူ အမြန် ပြန်ထူးလိုက်ရသည်။ တော်ကြာ မိခင်ဖြစ်သူ အခန်းထဲထိ ဝင်လာမှ Krist ကို တွေ့သွားလျှင် သွားပြီလေ။

'' သားရေ Sing ... သားလေး ''

'' ဟုတ်ကဲ့ Mae ''

'' ထမင်းစားရအောင်လေ Mae အားလုံး အဆင်သင့်ပြင်ပြီးပြီ ''

'' ဟုတ် လာပြီနော် Mae ''

Singto အမြန်ပြန်ဖြေရင်း Krist နားသွားလိုက်တော့ ဆရာသမားက ဒရင်းဘက်ပေါ်မှီရင်း အိပ်တောင် ပျော်နေပြီလားမသိ။

'' Khun ... Khun Krist ''

'' ကျွန်တော်ကြားတယ် မှိန်းနေတာပါ ''

'' အင်း အဲ့ဒါဆိုလည်း ငါ ထမင်းသွားစားဦးမယ်~ မင်းရေမိုးချိုးထားလိုက် ... အခန်းဝက ဗီရိုထဲမှာ အဆင်ပြေတာ ယူဝတ်လို့ရတယ် ဟုတ်ပြီလား ''

'' ဟုတ် Khun စိတ်ချပါ ကျွန်တော် အဆင်ပြေအောင် လုပ်ထားလိုက်မယ် ''

ရေခဲထုပ်ကပ်လျက်သား မျက်လုံးပင်မဖွင့်ပဲ ပြန်ပြောနေသော Krist ကို ကြည့်ရင်း Singto ခေါင်းအသာယမ်းမိပြန်သည်။ တစ်ချက် တစ်ချက် အူတူတူနိုင်တတ်သော ထိုကောင်လေးကြောင့် သူ့မှာ အချိန်ခဏလေးအတွင်း ဘယ်လောက်တောင် ခေါင်းယမ်းနေမိလဲ မသိတော့။

Krist အခန်းတံခါးပိတ်သံကြားမှ ပိတ်ထားသော မျက်လုံးလေးကို ဖွင့်လိုက်ရင်း နဖူးမှ အရည်ပျော်စပြုနေပြီဖြစ်သည့် ရေခဲထုပ်ကို ဖယ်လိုက်သည်။

'' အဟင်း အိမ်ကြီးရှင်ကိုယ်တော်ချောရဲ့ ရေချိုးခန်းလေး ဘယ်လိုတောင် ခမ်းနားလည်းဆိုတာ ကြည့်လိုက်ကြမလား Kit ''

ကိုယ့်ဟာကိုယ် ပြုံးစိစိပြောရင်း Krist၏ ခြေလှမ်းတို့သည် Singto၏ ရေချိုးခန်းဆီသို့... ။

'' သားလေး များများထည့်စားနော် ပင်ပန်းတယ်မလား ဒီနေ့ပွဲဆိုတော့ ''

'' အဲ့လောက်မပင်ပန်းပါဘူး Maeရယ် Album ထွက်နိုင်ပြီဆိုတော့ ပျော်တာနဲ့ ပင်ပန်းတာလည်း ပျောက်ရောပဲ ''

SMILING TurtleWhere stories live. Discover now