SMILING Turtle: Misunderstanding!!!! It appears like this??

898 69 26
                                        

[Zawgyi]

" ရူးနေလား ဘယ်လိုစိတ်ကူးနဲ့ အဲ့လိုလောင်းကြေးထပ်ရဲရတာလဲ "

Kristစိတ်ထဲမှကျိန်ဆဲရင်း Singtoနှင့် Torကို တစ်လှည့်စီကြည့်ရင်းမှ Singtoဖက်လှည့်လိုက်သည်။

" P' Sing "

သို့သော် Krist၏ ခေါ်သံကို လျစ်လျူရှုကာ ပါးစပ်ကိုပါ လက်ဝါးဖြင့် လှမ်းအုပ်လိုက်သော Singtoကြောင့် Kristခမျာ ရုန်းရင်းဆန်ခတ်ပြုရင်း အသံပင်မထွက်နိုင်တော့။

" ဘာအရူးထတာလဲ Singto "

" ဟက် ဘာလဲ မင်းက ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိဘူးလား "

Singtoစကားကြောင့် Torက မျက်မှောင်အနည်းငယ်ကုပ်သွားပြီးမှ ထရယ်လာသည်။

" အိုကေလေ ငါက ရှုံးမယ့်သူမဟုတ်တော့ Kristကို နမ်းစရာမလိုလောက်ဖူး အင်းးး ငါသဘောတူတယ် "

" ဟုတ်ပြီ ငါလည်း သဘောတူတယ် "

Singtoစကားအဆုံး တဟားဟားရယ်ကာ Singtoပုခုံးကို တစ်ချက်ပုတ်ပြီး ထွက်သွားသော Torနောက် Ritaတို့ပါ ခပ်သုတ်သုတ် လိုက်ထွက်ရင်း Singtoတို့နှင့် အနည်းငယ်လှမ်းသွားမှ Ritaက စကားစလာသည်။

" ဘာလို့ Singနဲ့ အဲ့လောက်ပြိုင်ချင်နေတာလဲ Tor "

" ဟင်းး ငါ သူ့ကို သက်သေပြချင်တယ် Yingပျောက်သွားပြီး သိပ်မကြာခင်ပဲ ငါတို့ကိုပါ ချန်ပြီး တစ်ကိုယ်ကောင်းဆန် ရုန်းထွက်သွားတဲ့သူကို သူ့ရဲ့အခုအောင်မြင်မှုတွေက ဘာမှမဟုတ်ဖူး အရည်အချင်းအစစ်အမှန်က ဘာလဲဆိုတာ ငါ လက်တွေ့ပြချင်တယ် "

နာကျည်းရိပ်တို့စွက်ကာ စကားဆိုနေသူကြောင့် Ritaလည်း သက်ပြင်းလေးသာ အသာခိုးရှိုက်မိတော့၏။ ထိုညီအစ်ကိုကြားက မကျေလည်မှုတို့သည် ဒီလောက်နှစ်ကြာတာတောင် လျော့မသွားခဲ့။ တကယ်ဆို Yingရေထဲကျသွားခြင်းသည် Singtoတစ်ဦးတည်း အမှားမဟုတ်မှန်း သူတို့သိပါသည်၊ Bandတစ်ခုလုံး ကုမ္ပဏီနှင့်အတူ စာချုပ်ချုပ်ရန် Singtoက ကမ်းလှမ်းခဲ့သော်လည်း ဂီတကို စိတ်ကြိုက်မဖန်တီးနိုင်ကြတော့မည်စိုး၍ ငြင်းဆန်ကြခဲ့ခြင်းသာ။

တကယ်တော့ ဖြစ်ပျက်ခဲ့သော အမှန်တရားထက် အပြစ်ဖို့ရန် လူတစ်ယောက်လိုအပ်ခဲ့ခြင်းပင်။ ဓားစာခံဖြစ်သွားရသူကတော့ Singtoဖြစ်ခဲ့ရုံ။ ရှေ့ဆက်သွားပြီဖြစ်သော Torနောက်ကျောကို ငေးရင်း Rita သက်ပြင်းရှည်သာ ချမိ၏။ သူမ အားလုံးကို ပြန်အဆင်ပြေစေချင်နေပါပြီ။

SMILING TurtleWhere stories live. Discover now