" မင်းမှာ အရင်က ရည်းစားရှိဖူးလား "
" ဟုတ်ကဲ့ ရှိဖူးပါတယ် "
" Por "
" မင်းငြိမ်ငြိမ်နေ Singto ငါ ဒီကောင်လေးကို မေးနေတာ "
ဝင်တားရန်ခေါ်လာသည့် Singtoကို တစ်ချက်တည်း စကားကုန်ပြောကာ Kristဖက် ပြန်လှည့်လာသည့် Mr. Ruangrojကြောင့် Krist တံတွေးမြိုချမိသည်။
" ဒီမှာ ကောင်လေး "
" Kristပါ "
" အေး Krist မင်း ငါ့သားရဲ့ အရှေ့မှာ ရည်းစား ဘယ်နှစ်ယောက်ထားဖူးလဲ "
" အဲ ခဏနော် "
ထိုအမေးကိုဖြေရန် လက်တွေပါချိုးကာ ရေနေသော Kristကို Singto တအံ့တသြ ကြည့်မိသည်။ ဖခင်က ဘာလို့ ဒါတွေ ရုတ်တရက်လာမေးနေတာလဲ။ ဒါထက် Kristဆိုသော သကောင့်သားလေးက ဘာတွေ အဲ့လောက်သေချာတွက်နေရပြန်တာလဲ။
" ၁၅ယောက်ပါ "
" ဟေ "
" ဟုတ်ပါတယ် အရှေ့မှာ ၁၅ယောက်ရှိခဲ့တာဆိုတော့ P' Singက ၁၆ယောက်မြောက်ပါ "
" ဘုရားသခင် မင်းအသက်က ဘယ်လောက်မို့ ရည်းစားက အဲ့လောက်များနေရတာလဲကွာ "
သည်တစ်ခါတော့ ရင်ဘတ်ကိုဖိကာ ပြောလာသော Mr. Ruangrojနည်းတူ Singtoပါ ပါးစပ်အဟောင်းသားဖြစ်ရသည်။ ဘယ်လိုတောင် ပြောချရဲရတာလဲ လိပ်ပေါက်ရေ။
" ဟို အဲ့ဒါက အဲ့လိုရှိပါတယ် အန်ကယ် ကျွန်တော်က ၃လကျိန်စာမိထားတာမို့ ထားသမျှ ရည်းစားတိုင်းနဲ့ ၃လတစ်ခါပြတ်ပါတယ် အဲ့ဒါကြောင့် အဲ့လောက်များသွားရတာပါ "
သွားတွေပေါ်အောင်ရယ်ပြကာ ဖြေနေသူသည် ပြသာနာကို မီးခွက်ထွန်းရှာနေမှန်း သိရဲ့လားမသိ။ Singto ဘေးကနေသာ သက်ပြင်းချမိပါသည်။ အနည်းငယ်အံသြသွားဟန်တူသော Mr.Ruangrojသည်လည်း ခဏငြိမ်သွားပြီးမှ စကားကို ပြန်စ၏။
" ရိုးသားတာလား တုံးအတာလား မျက်နှာပြောင်တာလား "
" ဗျာ "
" ဘာပဲဖြစ်ဖြစ် ပြောစရာရှိတာတော့ ပြောရမှာပဲ မင်းကို ငါ့ဘက်က အသိအမှတ်မပြုဘူး "
" ဗျာ "
" Por ဘာလို့ အဲ့လိုပြော... "
" မိဘတွေကို မတိုင်ပင်ဘဲ စေ့စပ်သူ ဟုတ်လား ဟက် အိပ်မက်တောင် မမက်နဲ့ ကောင်လေး ဒီစကားကို Singtoက လုံးဝပြောမှာမဟုတ်မှန်း သိနေလို့ ငါ ဒါကို ကိုယ်တိုင်ပြောဖို့လာတာ "
YOU ARE READING
SMILING Turtle
FanfictionChinese remake version လေးတစ်ခုပါ ချစ်စရာကောင်းလွန်းလို့ ပေါ့ပေါ့ပါးပါး SK version လေးအဖြစ် ပြန်လည် အသက်သွင်းထားပါတယ် Singto နာမည်ကြီး အဆိုတော်မင်းသား။ နွေးထွေးမှုသိပ်မပေးနိုင်တဲ့ မိသားစုရယ် အထင်လွဲမုန်းနေတဲ့ညီ ဖြစ်သူရယ် ကြောင့် မိသားစုအပြင်ဘက်မှာ...
SMILING Turtle: Misunderstanding!!!! It appears like this??
Start from the beginning
