SMILING Turtle: Misunderstanding!!!! It appears like this??

Start from the beginning
                                        

ထိုအခါမှ သြော်ဆိုပြီး ပြုံးစိစိဖြစ်လာသည့် Kristသည် အခြေအနေကို သဘောပေါက်သွားပုံရသည်။

" ကဲ ပေါက်ပြီဆို ပြန်မယ် တော်ကြာ မင်းအိမ်ပြန်နောက်ကျလိမ့်မယ် "

" ဟုတ်ပြီ ဟုတ်ပြီ ဟီး အစကတည်းက မတွေးမိဘူး ကျေးဇူးနော် P' Sing "

ထိုသို့ဖြင့် ခုန်ပေါက်မတတ်တခုန်ခုန်သွားနေသော လိပ်ပေါက်ကို ကြည့်ရင်း Singto ဘာကိုအလိုမကျလို့ မကျမှန်းမသိတော့။ သူကိုယ်တိုင် ဒီလောင်းကြေးကို စခဲ့တာလေ အခု အားလုံးသဘောတူပြီး အဆင်ပြေနေတာပဲကို စိတ်က ဘာဖြစ်နေတာလဲ။

မကြည်မလင်ဖြစ်သွားသည့် စိတ်ကို ခေါင်းတွင်တွင်ရမ်းကာ ဖယ်ထုတ်ရင်း Kristကို အိမ်ပြန်ပို့ရန် Pastaဆိုင်သို့ ဦးတည်လိုက်သည်။ ဘာရယ်မဟုတ် ကားပေါ်တွင်လည်း စကားတစ်ခွန်းမှ မဆိုဖြစ်ခဲ့ကြ။ သို့သော် ဆိုင်အရောက် ဆိုင်ရှေ့တွင် ရှိနေသည့် ကားကိုမြင်သည်နှင့် Singto တီးတိုးရေရွတ်မိသည်။

" Por "

အခြေအနေကို မရိပ်မိသေးသူ Kristကတော့ ကားပေါ်မှ လှစ်ခနဲ ဆင်းသွားပြီဖြစ်၍ တားရန်မမီလိုက်တော့သဖြင့် Singtoလည်း အမြန်လိုက်ဆင်းရသည်။ Kristသည် ဆိုင်ထဲဝင်ဖို့ကိုပဲ အာရုံရှိနေသည်မို့ ဘေးဘီကိုလည်း အာရုံရပုံမရစဉ် ဆိုင်ရှေ့တွင် ရပ်ထားသောကားထဲမှ ရုတ်တရက်ဆင်းလာသူကြောင့် လန့်ပြီး နောက်ဆုတ်သွားမိ၏။

" ဥ..ဥက္ကဌကြီး "

" Kit "

Krist ပါးစပ်ကို လက်ဖြင့်အုပ်ကာ အံ့သြမဆုံးဖြစ်နေစဉ် Singtoကလည်း အနားရောက်လာသည်။

" Por...Porဒီကို ဘာလာလုပ်တာလဲ "

" မင်းက ငါ့သားရဲ့ ကောင်လေး Kristဆိုတာလား "

Singtoအမေးကို ပြန်မဖြေဘဲ Kristကို လက်ညှိုးထိုးကာ မေးလာသော Mr.Ruangrojကြောင့် Krist ပါးစပ်ပေါ်ကလက်ကို မဖယ်မိသေးဘဲ နံဘေးရှိ Singtoကို လှမ်းကြည့်မိသည်။

" ငါမေးနေတယ်လေ "

" ဗျာ.. ဗျ ဟုတ် ဟုတ်ပါတယ် ကျွန်တော့်နာမည် Krist Perawat ပါ "

လေသံမာမာဖြင့် ထပ်မေးလာသည်မို့ Krist သည်တစ်ခါတော့ မဖြေလို့မရတော့။

SMILING TurtleWhere stories live. Discover now