တစ်ဖက်တွင်လည်း ဝူးဝူးဝါးဝါးဖြင့် Singtoလက်ထဲ ယက်ကန်ယက်ကန် ဖြစ်နေသော Kristခမျာ ခြေကုန်လက်ပန်းကျချင်နေပြီ။ Torတို့ မြင်ကွင်းထဲက ပျောက်သွားမှ Singtoက Kristပါးစပ်မှ လက်ကို ပြန်ရုတ်လိုက်သည်။
" Khun Singto "
ပါးစပ်ပိတ်ထားတာ လွှတ်လိုက်သည်နှင့် ထအော်လိုက်သော Kristအသံစူးစူးကြောင့် ဘေးဘီမှ လူအချို့၏ ကွက်ကြည့် ကွက်ကြည့် ကြည့်ခြင်းကို ခံရပြီးနောက် Singtoလည်း Kristကို တွန်းလှည်းထဲမှ အမြန်ဆွဲထူလိုက်ရသည်။
" ထ ထ အပြင်ရောက်မှ ရှင်းပြမယ် "
လူကို ဆွဲထူရင်း ပြောနေသူကြောင့် Kristလည်း ဘာမှဆက်မပြောတော့ဘဲ အပြင်ကိုသာ မြန်မြန်ထွက်ခဲ့လိုက်တော့၏။
" ကဲ ပြောတော့ ဘာလို့ အဲ့လိုပြောလိုက်ရတာလဲ "
အပြင်ရောက်သည်နှင့် ဆွဲလာသောလက်ကို ပြန်ဆွဲလွှတ်ကာ လက်ပိုက်လျက်အနေအထားဖြင့် မေးလာသူသည် အချိန်ခဏလေးပင် ထပ်စောင့်ချင်ပုံမရ။ Singto ခေါင်းတစ်ချက်ကုပ်ကာသာ ပြန်ဖြေရှင်းရတော့သည်။
" မင်းအတွက် စဉ်းားးပြီး လုပ်ပေးလိုက်တာလေ "
" ဟမ် ကျွန်တော့်အတွက်... "
" အင်းလေ ငါနိုင်ရင် ရမယ့်ဆုကို မင်းအကျိုးအတွက် သုံးပေးလိုက်တာ "
သူ့စကားကို နားမလည်ဟန် မျက်လုံးအဝိုင်းသားဖြင့် ဆက်ကြည့်နေသောကောင်လေးသည် တကယ်ကို အရိပ်အကဲမသိသူလေးရယ်ပါ။ Singto ခေါင်းထဲဝင်လာသော အတွေးကြောင် ခေါင်းရမ်းရယ်ကာ စကားကိုဆက်သည်။
" မင်းTorကို crushနေတာမလား "
Singtoစကားဆုံးပြီး အတန်ကြာသည်အထိ လက်တစ်ဖက်ပိုက်လျက်သား တစ်ဖက်က မေးစေ့လေး ပွတ်ကာတွေးနေသော အူလည်လည်ကောင်လေးကို ကြည့်ရင်း ရယ်မိပြန်သည်။
" ဘာလို့လဲ "
" ဟမ် "
" ဘာလို့ အဲ့လိုလုပ်ပေးတာလဲလို့ "
" အဲ..မင်းက ငါ့ရည်းစားအဖြစ် ဟန်ဆောင်ပေးထားတော့ အရင်လို ပေါ်တင်လိုက်လို့မရတော့ဘူးလေ ဟုတ်တယ်မလား အဲ့ဒါကြောင့် ... "
YOU ARE READING
SMILING Turtle
FanfictionChinese remake version လေးတစ်ခုပါ ချစ်စရာကောင်းလွန်းလို့ ပေါ့ပေါ့ပါးပါး SK version လေးအဖြစ် ပြန်လည် အသက်သွင်းထားပါတယ် Singto နာမည်ကြီး အဆိုတော်မင်းသား။ နွေးထွေးမှုသိပ်မပေးနိုင်တဲ့ မိသားစုရယ် အထင်လွဲမုန်းနေတဲ့ညီ ဖြစ်သူရယ် ကြောင့် မိသားစုအပြင်ဘက်မှာ...
SMILING Turtle: Misunderstanding!!!! It appears like this??
Start from the beginning
