Part-19 ~Red Lady

Start from the beginning
                                    

ထိုမိန်းကလေးကဆံပင်အရှည်နဲ့မို့လို့လင်းချန်တော့
မဖြစ်နိုင်ဘူး လင်းချန်ကဆံပင်ကိုပခုံးနားလောက်ထိ
သာရှိတယ် ဒီအိမ်မှာလဲမိန်းကလေးနှစ်ယောက်သာ ရှိတာမို့လင်းချန်မဟုတ်ရင် ကျိန်းသေပေါက်ဇီယီပဲဖြစ်မှာ.....

" ဇီယီမအိပ်သေးဘူးလား ဘာလုပ်နေတာလဲ ''

" ......... ''
ရန်ဖေးက မေးလိုက်သော်လည်းပြန်မဖြေ ။

~~~~~~~ ဒင် ~~~~~~ ဒင် ~~~~~~~

ဧည့်ခန်းထဲကချိန်သီးနာရီရဲ့အသံကြောင့်ရန်ဖေးလဲ မေးလက်စ စကားပြတ်သွားပြီး နာရီကိုလှမ်းကြည့်လိုက်တော့ ညတစ်နာရီထိုးနေပြီ ထိုချိန်သီးနာရီကတစ်နာရီတစ်ခါအသံမြည်တာမို့လို့ အထူးဆန်းတော့ဖြစ်မနေ....

ရန်ဖေးလဲထမင်းစားခန်းကရေခဲသေတ္တာဆီသွားပြီးရေဗူးရယ်ဘီယာတစ်ဗူးရယ်ယူလိုက်တယ် သူထမင်းစားခန်းထဲကပြန်ထွက်လာတော့ ဇီယီကဧည့်ခန်းထဲမှာမရှိတော့ခြေသံကြားလို့ လှေကားဘက်ကိုကြည့်လိုက်တော့ အပေါ်ထပ်ကိုတပ်သွားတာကိုတွေ့လိုက်ရတယ် ။

" ဇီယီ... ဇီယီ ဘယ်သွားမလို့လဲ ''

" ........ ''
သူ့ကိုပြန်မဖြေဘဲအပေါ်ထပ်ကိုသာတစ်လှမ်းချင်းတက်သွားတာမို့ ရန်ဖေးအတွက်နည်းနည်းထူးဆန်းသွားတယ် ဇီယီကအရမ်းကိုသူများကိုအားနာတက်ပြီး သူများလိုအရမ်းစပ်စပ်စုစုမရှိတာမို့ ညသန်းခေါင်ကြီးအပေါ်ထပ်ကိုတစ်ယောက်တည်း တက်သွားဖို့ဆိုတာပိုလို့တောင်မဖြစ်နိုင်သေးတယ် ။

ရန်ဖေးလဲအပေါ်ထပ်ကိုတက်ဖို့လိုက်ကြည့်တော့ ထိုမိန်းကလေးကလှေကားထိပ်ကိုတောင်ရောက်သွားပြီ။ ရန်ဖေးလဲအမြန်အပေါ်ထပ်ကိုတက်လိုက်တယ် ဒါပေမယ့် အပေါ်ကိုရောက်တော့ဘာလူအရိပ်ယောင်မှမတွေ့ဘူး ။

ဒါပေမယ့်အရိပ်လေးတစ်ခုကထောင့်ဆုံး အခန်းထဲဝင်သွားတဲ့ အရိပ်ယောင်တွေ့လိုက်ရတယ် ။

" ဇီယီ.... ဇီယီ ''

တိတ်ဆိတ်နေတဲ့အပေါ်ထပ်တစ်ထပ်လုံးသူ့အသံပဲ ထွက်နေတာမို့ကျိန်းသေမကြားဘဲမနေတာတော့ သေချာတယ် ရန်ဖေးလဲမရဲတရဲနဲ့ထောင့်ဆုံးအခန်းဆီ ကိုလျှောက်သွားတော့အခန်းတံခါးက အနည်းငယ်ဟနေရုံသာမို့ ရန်ဖေးအခန်းတံခါးကိုတွန်းပြီး အခန်းထဲကိုဝင်လိုက်တယ်။

Mysterious Love ( Completed ) Where stories live. Discover now