🌸အပိုင်း( ၃၂)🌸

6K 456 26
                                    

Zawgyi...

ထည်​ဝါလည်းစိတ်​ထဲမှာ​လေး​နေ​တာ​ကြောင့်​ အိမ်​သို့
ကားကိုအရှိန်​တင်​ပြီးသာ ​မောင်းလာခဲ့သည်​။
ထိုအချိန်​ ​ကောင်​​လေးတစ်​သိုက်​ လူတစ်​​ယောက်​ကို
သယ်​ပြီးထွက်​သွား​နေသည်​ကို​အမှတ်​မထင်​​တွေ့လိုက်
သည်​။သို့​သော်​ ထည်​ဝါလည်း ရန်​ဖြစ်​​နေကြသည်​အထင်
ဖြင့်​သာ က​လေးရှိရာသို့သာဦးတည်​​မောင်းလာခဲ့သည်​။

အခုချိန်​မှာက​လေးကသာအ​ရေးကြီးဆုံး​ပေ။

ထည်​ဝါအိမ်​သို့​ရောက်​သွား​သောအခါ ​မေးမြန်း​သော်​လည်း
တော်​ဝင်​စက်​ဘီးစီးထွက်​သွားတာပြန်​မလာ​သေး​ကြောင်း
သာ​ပြောကြသည်​။အန်​တီအိမ်​ကိုသွား​မေး​သော်​လည်း
တော်​ဝင်​မလာ​ကြောင်းသာကြားရ​သော​ကြောင့်
ထည်​ဝါစိတ်​ထဲမှာအရူးမီးဝိုင်းဖြစ်​​နေရ​လေသည်​။

တော်​ဝင်​ ထည်​ဝါကိုစိတ်​ဆိုးပြီးအိမ်​ကထွက်​သွားသည်
လည်းမဖြစ်​နိုင်​။ထည်​ဝါတို့ဘာရန်​မှမဖြစ်​ထား။
ဖြစ်​စရာအ​ကြောင်း​လည်းမရှိ​ပေ။

ထည်​ဝါစိတ်​ပူရလွန်းလို့​သေ​တော့မယ်​။အန်​တီလည်း
တော်​ဝင်​ခဏ​လေးအပြင်​ထွက်​သွားတာ​နေမယ်
သိပ်​စိတ်​မပူပါနဲ့လို့​ပြော​သော်​လည်း ဘာ​ကြောင့်​မှန်းမသိ
ထည်​ဝါစိတ်​​တွေ​လေးလံ​နေသည်​။

ထည်​ဝါလည်း၂၄နာရီမပြည့်​​သေးတာ​ကြောင့်​ရဲကို
အ​ကြောင်းကြားလို့မရ​ပေ။မထူး​တော့​သော​ကြောင့်
ထည်​ဝါတို့လုပ်​ငန်းပိုင်းက စုံစမ်း​ရေးအဖွဲ့မှာအ​တော်​ဆုံး
hacker တစ်​​ယောက်​ကိုအကူညီလှမ်း​တောင်းလိုက်
သည်​။ထည်​ဝါတို့လုပ်​ငန်းပိုင်း​တွေမှာ စုံစမ်းဖို့အတွက်
အထူးအဖွဲ့ဝင်​​တွေကို ထည်​ဝါကိုယ်​တိုင်​ ​ရွေးထားသည်​။
ထို့​ကြောင့်​ ထည်​ဝါရဲ့လုပ်​ငန်းပိုင်းများသည်​ စည်းစနစ်
ကျနပြီး အ​ရေးကြီး​သောအရာများမှာလည်း အခိုးခံရဖို့
ခဲယဉ်း​နေခြင်းဖြစ်​သည်​။

ထိုလူမှာ ​တော်​ဝင်​ရဲ့ဖုန်းကိုအ​ခြေပြုပြီးရှာ​ဖွေပြီး
ခဏ​နေ​တော့​တော်​ဝင်​ရဲ့​နေရာကိုသိပြီဖြစ်​​ကြောင်း
လှမ်း​ပြောလာ​လေသည်​။
ထည်​ဝါသိရ​သော​နေရာသည်​ ထည်​ဝါတို့​နေတဲ့​နေရာရဲ့
နည်းနည်းသာလှမ်းသည့်​ လူသူမရှိ​သော ဂို​ဒေါင်​ပျက်​ကြီး
ရှိတဲ့​နေရာပင်​။အ့​တော့မှ ထည်​ဝါလာတုန်းက ​တွေ့ခဲ့​သော
မြင်​ကွင်းကိုသတိရပြီး စိတ်​ပူလာ​သော​ကြောင့်​ ထို​နေရာ
သို့သာ တစ်​ရှိန်​ထိုး​မောင်းထွက်​ခဲ့လို​သည်​။

🌸ကိုယ့်​ရဲ့စိတ်​ဝိဥာဉ်​လေး🌸(complete)Hikayelerin yaşadığı yer. Şimdi keşfedin