🌸အပိုင်း(၁၉)🌸

8.4K 619 41
                                    

Zawgyi...

ထည်​ဝါလည်း က​လေးကြိုက်​တတ်​​သောအစားအ​သောက်
လေးကိုခွံ့​​ကျွေး​နေလိုက်​သည်​။

"ဟို..ဒီက အကိုတို့က မြန်​မာနိုင်​ငံက ဧည်​သည်
လားရှင့်​....

"ဟုတ်​ကဲ့..မှန်​ပါတယ်​..ဘာဖြစ်​လို့လဲဗျ..

"​အော်​..ကျွန်​မနာမည်​က ဆိုးမင်​ ပါ..မနက်​က
ဖုန်းဆက်​တဲ့တစ်​​ယောက်​နဲ့လဲလိုက်​တဲ့ဧည့်​လမ်းညွှန်​ပါရှင့်
ကျွန်​မသူ့အစား​တောင်းပန်​ချင်​လို့ လာ​စောင့်​​နေတာပါ

"ရပါတယ်​..သူ့လုပ်​တဲ့ကိစ္စကို တခြားသူ​တွေလာ​တောင်း
ပန်​စရာမလိုပါဘူး...

"​ကျေးဇူးတင်​ပါ...အကိုရယ်​..ဟ်းဟီး..
ဆိုမင်းက​လေ အကိုတို့စိတ်​ကွက်​သွားမှာကို​စိုးရိမ်​​နေတာ..

တော်​ဝင်​လည်း လာ​တောဂ်းပန်​တာလို့​ပြောတ
ဲ့မိန်းက​လေးကိုကြည့်​​နေလိုက်​သည်​။
တောင်းပန်​တာက နှစ်​​ယောက်​လုံးကို​ပြော​နေ​ပေမယ့်
အ့ဒီမိန်းက​လေးမျက်​လုံး​တွေက ကိုကို့အ​ပေါ်မှာရှိ​နေတယ်​။

"ကိုကို...က​လေးဝပြီ..

"ဟင်​..သိပ်​​တောင်​မစားရ​သေးဘူး..က​လေးရယ်​...

"က​လေးရင်​ပြည့်​သွားလို့..

"ဟင်​..ဟုတ်​လား..အ့ဆို​ဆေးခန်းသွားရ​အောင်​..
မစားမ​သောက်​နိုင်​ဘဲ​နေအုံးမယ်​..က​လေးရယ်​..

ထည်​ဝါလည်း က​လေးရင်​ပြည့်​​နေတဲ့​ပြောတာ​ကြောင့်
ဧည့်​သည်​ကိုစကားမ​ပြောအား​တော့ဘဲ က​လေးကိုသာ
စိတ်​ပူ​နေမိသည်​။က​လေးက အစားဆို ​ကောင်း​ကောင်း
စားတတ်​သည်​။အခု​တော့ သိပ်​မစား​တာ​ကြောင့်​စိုးရိမ်​မိ
ခြင်းဖြစ်​သည်​။

"​အော်​..အကို..ရင်​ပြည့်​တာက ​ဆေးခန်းသွားစရာမလိုပါ
ဘူး..ခဏ​နေရင်​​ကောင်းသွားမှာပါ...ပြီး​တော့..
ယောကျာ်း​လေးတစ်​​ယောက်​က ဒီ​လောက်​မနုဖတ်​ပါဘူး
အကိုရယ်​..

ယောကျာ်း​လေးတစ်​​ယောက်​ရင်​ပြည့်​​နေတာကို အရမ်း
စိတ်​ပူ​နေ​သော ရုပ်​ရည်​သန့်​ပြန့်​ပြီး​ချော​မောလွန်းတဲ့
ယောကျာ်း​တစ်​​ယောက်​ကို ဆိုးမင်​ လည်း ဝင်​​ပြော
လိုက်​မိသည်​။
ယောက်ျားတစ်​​ယောက်​ကို​တောင်​ ဒီ​လောက်​ဂရုစိုက်​တတ်
ရင်​ သူချစ်​တဲ့မိန်းက​လေးသာဆို ​တော်​​တော်​​လေးကို
နူးညံပြီးဂရုစိုက်​မယ့်​ပုံပင်​။ဆိုးမင်​က​တော့ ဒီ​ယောကျာ်းကို
မိမိဘက်​ပါလာ​အောင်​ဆွဲ​ဆောင်​ရန်​စိတ်​ထဲ၌ကြံစည်​​နေ
လိုက်​သည်​။

🌸ကိုယ့်​ရဲ့စိတ်​ဝိဥာဉ်​လေး🌸(complete)Where stories live. Discover now