🌸အပိုင်း.(၄)🌸

14.7K 1.2K 23
                                    

Zawgyi.. .....

ထည်​ဝါလည်း ​တော်​ဝင်​နဲ့အတူ ဝတ်​စုံသွား​ရွေးရန်
အတွက်​ ကား​မောင်းပြီးသာ ​တော်​ဝင်​ရဲ့အိမ်​သို့
ထွက်​ခဲ့လိုက်​သည်​။

"အန်​တီ​ရေ...​တော်​ဝင်​ပြင်​ဆင်​လို့ပြီးသွားပြီးလား..

"မသိပါဘူး..ထည်​ဝါရယ်​..
မနက်​ကတည်းက ခုချိန်​ထိမဆင်းလာဘူး....
ဘာလုပ်​​နေမှန်းမသိ...

"ဟင်​...ဟုတ်​လား...အန်​တီ..
တော်​ဝင်​​နေများမ​ကောင်းလို့လားမသိဘူး..."

"ဘာမှ​နေမ​ကောင်းမဖြစ်​ဘူး...မ​နေ့ကတည်းက
အ​ကောင်းကြီး..ဒင်းေ​လးဘာအချိုးချိုး​နေလဲဆိုတာ
အန်​တီသိတယ်​..အ့​ကြောင့်​သွားတက်​မ​ခေါ်တာ...

"ဟင်​..ဘာကို​ပြောချင်​တာလဲ..အန်​တီ.."

"ဘာမှမဟုတ်​ဘူး..မင်းကိုဂျစ်​တိုက်​ချင်​​နေတာ...
သွားမ​ခေါ်နဲ့..လာမ​ခေါ်ရင်​သူ့ဟာသူဆင်းလာလိမ့်​မယ်​..

"ဟို..."

"​အေး​ဆေး​နေပါ..ထည်​ဝါရယ်​...
အန်​တီသားအ​ကြောင့်းအန်​တီသိတယ်​...မပူစမ်းပါနဲ့..
မင်းအ့လိုသူ့ကိုအလိုလိုက်​​နေလို့ သူနိုင်​ချင်​တိုင်းနိုင်
နေတာ...

"ရပါတယ်​...အန်​တီရယ်​..
ကျွန်​​တော်​အတင်းလက်​ထပ်​လိုက်​လို့ ​အေးစက်​သွားတဲ့
ဆက်​ဆံ​ရေးထက်​ ...​တော်​ဝင်​ကျွန်​​တော်​ကိုအရွဲ့တိုက်
ပြီးအနိုင်​ယူ​နေတာဘဲ ​ကျေနပ်​ရမှာပါ..တစ်​သက်​လုံး
ဆိုရင်​​တောင်​ကျွန်​​တော်​က ​ကျေ​ကျေနပ်​နပ်​ကြီးကို
အနိုင်​ကျင့်​ခံသွားမှာ...

"မင်း​တော်​​တော်​ဖြစ်​​နေလို့...
သူလည်း​တော်​​တော်​အနိုင်​ယူ​နေတာ..."

ထည်​ဝါ မချိ ပြုံး​လေးသာပြုံးလိုက်​သည်​။
မင်း​လေးကိုယ့်​အ​ပေါ်မှာအနိုင်​ယူစမ်းပါ​စေ
ကိုယ့်​အချစ်​​တွေနဲ့အနိုင်​ယူချင်​မိတယ်​...

ထည်​ဝါလည်း ​တော်​ဝင်​အား အန်​တီမ​ခေါ်ခိုင်းတာ​ကြောင့်
သွားမ​ခေါ်ဘဲနဲ့သာ​စောင့်​​နေလိုက်​သည်​။
သို့​သော်​ မနက်​ကတည်းက ထည်​ဝါ​ရောက်​​နေတာ
နေ့လည်​ပင်​​ရောက်​​တော့မည်​။တော်​ဝင်​မဆင်းလာပါ။

🌸ကိုယ့်​ရဲ့စိတ်​ဝိဥာဉ်​လေး🌸(complete)Where stories live. Discover now