Part -18 ~ Scream

Start from the beginning
                                    

" ကားကိုဆွဲခိုင်းရင်တော့မနက်ဖြန်မှပြန်ရမှာပေါ့ ''

" သူတို့work shopမှာပဲလုပ်ခိုင်းလုပ်တော့ ညဘက်မှောင်ရင်စံအိမ်ကိုပြန်လို့ကောင်းမှာမဟုတ်ဘူး ''

" ကောင်းပြီလေ ''

ရိပေါ်လဲအလုပ်သမားတွေကိုကားကိုwork shop မှာပဲပြင်ခိုင်းဖို့ပြောတော့အလုပ်သမားတွေလဲရှောင်ကျန့်ကားကို ချိတ်ပြီးထွက်သွားကြပြီးမှ ရိပေါ်တို့လဲကားပေါ်တက်ခဲ့တယ်

" မင်းအလာတုန်းကမောင်းလာခဲ့ရတာမလား ငါမောင်းပေးမယ် ''

" နေပါစေငါ့ကားကိုheat တက်တောင်ထပ်မောင်း
နေရင် ထပ်ခေါ်စရာလူမရှိတော့ဘူးငါ့ကားငါ့ဘာသာ မောင်းပါ့မယ်သခင်လေးကသာငြိမ်ငြိမ်လေးလိုက်ခဲ့ ပါခင်ဗျ''
ရိပေါ်ပြုံးတုံတုံနဲ့ရွဲ့ပြောလိုက်တော့ရှောင်ကျန့်လဲ နှာမှုတ်ပြီးတစ်ဘက်ကိုလှည့်သွားတယ် ။

ရှောင်ကျန့်လဲကားမောင်းတာသိပ်ကြာသေးတာမဟုတ်လို့ သူ့အပြစ်နဲ့သူကြောင့်ငြိမ်နေလိုက်ရတယ် ဟိုမှာတုန်းက public transport နဲ့ပဲသွားလာခဲ့ပြီးဒီရောက်တော့ ပါးပါးဝယ်ပေးမှသာကားကိုပြန်မောင်းတာမို့ နည်းနည်းလေးအမှားလုပ်မိရုံပါ ။

ဝူလုံမြို့ထဲကနေမောင်းလာတာအချိန်နှစ်နာရီ နီးပါးလောက်ကြာတာမို့လို့ရိပေါ်လဲဆက်တိုက် ကားမောင်းနေရင်းငိုက်ချင်သလိုရှိလာတာမို့ မငိုက်အောင်မနည်းပြူးပြဲပြီးမောင်းလာရတယ် ဆောင်းအကုန်ခါနီးဆိုပေမယ့်ညဘက်မြူတွေက ကားလမ်းတလျှောက်တက်လာတာမို့ရိပေါ်မှာအရမ်းလဲ မမောင်းရဲဘူး ။

ရှေ့ကိုမောင်းလေမောင်းလေမြူတွေကတဖြည်းဖြည်း ပိတ်လာတာမို့ရှေ့မီးကြီးကိုပဲထိုးပီးဖြေးဖြေးနဲ့ မှန်မှန်မောင်းလာတယ် စံအိမ်ကမြို့ပြင်ဘက်မှာပဲ ရှိလို့လား လူသွားလူလာနဲလို့ပဲလားမသိ ကားလမ်းမပေါ်သူတို့ကားတစ်စီးပဲရှိတယ် ။

ရိပေါ်ဘေးကိုကြည့်လိုက်တော့ဘယ်လောက် တောင်ပင်ပန်းထားလို့လဲမသိအိပ်တာမှသရေတွေ တောင်ကျလို့...
" အဟက် ဒါလားခုနက ကားကူမောင်းပေးမယ်ဆိုတဲ့သူ''

ရိပေါ်ကကားမောင်းနေရင်းလက်တစ်ဖက်နဲ့ ရှောင်ကျန့်ပါးစောင်ကကျနေတဲ့သရေတွေကို လက်မနဲ့သုတ်ပေးလိုက်တယ်ရိပေါ်ရှောင်ကျန့်ကို သုတ်ပေးပြီးမျက်လုံးကဖျက်ခနဲကားအနောက်ကခုံမှာ မိန်းကလေးတစ်ယောက်မြင်လိုက်ရတာမို့ကားကိုဘရိတ်အုပ်လိုက်တယ် ။

Mysterious Love ( Completed ) Where stories live. Discover now