*lily of the valley*

153 13 0
                                    

"lily of the valley"
*lily ဆိုတဲ့ အမည်ပါနေပေမယ့် lily ပန်းအစစ်အမှန်တော့ မဟုတ်ပါဘူး
*asparagus မျိုးရင်းမှာ ပါဝင်ပါတယ်
*ရုက္ခဗေဒအမည်က Convallaria majalis
#အဓိပ္ပါယ်ယူဆချက်တချို့အနေနဲ့
*သေးငယ်တဲ့ခေါင်းလောင်းလေးတွေက ကံကောင်းမှုတွေကို ဖိတ်ခေါ်တတ်သလို ခေါင်းလောင်းပုံသဏ္ဌာန်ရှိတဲ့
lily of the valley က
*ကံကောင်းမှုနဲ့ ပျော်ရွှင်ခြင်းရဲ့ သင်္ကေတတခုပါ
*အချစ်ရေးအတွက်ဆိုရင်လည်း ကံကောင်းမှုတွေကို
ယူဆောင်လာပေးပါတယ်တဲ့
*တည်ငြိမ်အေးချမ်းမှု အပြစ်ကင်းမှုနဲ့ ကျက်သရေရှိမှု
စတဲ့ feminine ဆန်တဲ့ သဘာဝကိုလည်း ရည်ညွှန်းပါတယ်
*နူးညံ့နွေးထွေးမှုနဲ့ ကြင်နာခြင်းဆိုတဲ့ အဓိပ္ပါယ်လည်း
ရှိပါတယ်
*နှိမ့်ချတတ်တဲ့စိတ်နေစိတ်ထားကိုလည်း ရည်ညွှန်းပါတယ်
*လတ်ဆတ်တဲ့နွေဦး အလုပ်နဲ့ ကောက်ရိတ်သိမ်းမှုရဲ့သ‌င်္ကေတလည်း ဖြစ်ပါတယ်
*ပေါင်းစည်းမှုကိုလည်း ရည်ညွှန်းပါတယ်
*ရောမမှာဆိုရင် မိန်းကလေးတွေအတွက် မျက်ရည်ရဲ့သင်္ကေတတခုပါ
*ဝမ်းနည်းမှုနဲ့ ဆုံးရှုံးသွားတဲ့တစုံတရာအတွက် နာကျင်ခံစားရမှုကိုလည်း ရည်ညွှန်းပါတယ်
#စိတ်ဝင်စားဖွယ်အချက်တွေအနေနဲ့
*မေလရဲ့ မွေးလပန်းဖြစ်သလို ဂန္ဓဝင်ဆန်တဲ့နွေဦးပန်းလည်း ဖြစ်ပါတယ်
*အေးတဲ့ဒေသမှာ ရာစုနှစ်များစွာရှင်သန်နိုင်ပေမယ့် အပူဒဏ်ကိုတော့ မခံနိုင်ပါဘူး
*ဖင်လန်နိုင်ငံရဲ့ national flower ဖြစ်သလို
ယူဂိုဆလားဗီးယားနိုင်ငံရဲ့ အထိမ်းအမှတ်သင်္ကေတပန်းလည်း ဖြစ်ပါတယ်
*မြစိမ်းအရောင်ကို ရချင်တဲ့အတွက် စိုက်ပျိုးခဲ့ကြခြင်းဖြစ်ပါတယ်
*ချိုမြတဲ့မွေးရနံ့ကြောင့် ရေမွှေးနဲ့ တခြားသောအလှကုန်တွေမှာ သုံးလေ့ရှိကြပါတယ်
*poison antidote အနေနဲ့ နှလုံးရောဂါတွေ အတက်ရောဂါတွေအတွက် သုံးခဲ့ကြပါတယ်
*ပြုတ်ရည်(သို့) လိမ်းဆေးအဖြစ်နဲ့ အရေပြားအပူလောင်နာတွေ ဖျားတဲ့အခါနဲ့ စိတ်ငြိမ်ဆေးအဖြစ်နဲ့ရော သုံးခဲ့ကြပါတယ်
*နွေဦးအစော‌ပိုင်းမှာ စိုက်ပျိုးမယ်ဆိုရင် အကောင်းဆုံးပါ
*အပင်တွေက ပွားများလွယ်ပြီး အရိုင်းဆန်ပါတယ်
#ပန်းကိုမြိုချမိမယ်ဆိုရင် cardiac glycosides တွေပါဝင်တာကြောင့် အဆိပ်ဖြစ်စေပါတယ်
*ပန်းတွေကိုကိုင်ပြီးတဲ့အခါ လက်ဆေးလိုက်မယ်ဆိုရင်
စိုးရိမ်စရာတော့ မရှိပါဘူး
#ဒဏ္ဍာရီတွေအနေနဲ့
1) Virgin Mary ရဲ့ မျက်ရည်စက်တွေကနေ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်
*ဒါကြောင့် နှလုံးသားရဲ့သန့်စင်မှုကို တိုင်းတာဖို့ ကောင်းကင်ဘုံဂိတ်တံခါးဝတွေမှာ lily of the valley ပန်းကို ယူဆောင်ထားပါတယ်တဲ့
2) အေဒင်ဥယျာဉ်ထဲကနေ နှင်ထုတ်ခံရတဲ့အခါမှာ ဝမ်းနည်းနာကျင်မှုကြောင့် ကျလာတဲ့ ဧဝရဲ့မျက်ရည်စက်တွေကနေ ဖြစ်ပေါ်လာတယ်လို့လည်း ဆိုကြပါတယ်
ကိုးကား - အင်တာနက်

~~~

"lily of the valley"
lily of the valley က
ရှိပါတယ်
#ဒဏ္ဍာရီတွေအနေနဲ့
ကိုးကား - အင်တာနက်

facts of flowersWhere stories live. Discover now