"​ဖြစ်​ချင်းဖြစ်​မင်းဘဲ FA ဖြစ်​မှာ ငါဆို သူ့ပါး​လေးက​မွှေးလိုက်​တာကွာ ဟားဟား"

အာကာ ခမျာ မျက်​လုံးပင်​ပြူးသွားရှာ၏။ သူနဲ့မ​တွေ့တဲ့ သုံး​လေးရက်​အတွင်း ဒီ​ကောင်​ဘယ်​သူနဲ့​ကောက်​တွဲလိုက်​တာလဲ။

"ဘာလို့ ငါက FA ဖြစ်​မှာလဲ ရူး​နေမှဘဲဖစ်​မှာ ရည်းစားတစ်​ယောက်​က​တော့​အေး​ဆေးရနိုင်​တယ်​"

သူ၏ စကားအဆုံး၌ သူ့မျက်​နှာဆီသို့ ပျံဝဲလာ​လေ​သော​ခေါင်းအုံးပျံကို လက်​ခံရရှိလိုက်​ရ​လေတယ်​။

"FA ဖြစ်​တော့​ရော ဘာဖြစ်​လဲ မင်းတို့ ထမင်း​ကျွေး​နေရလို့လား ရည်းစား​လေးတစ်​ယောက်​ရတာကို ထီ​ပေါက်​သလို လာကြွားမ​နေကြနဲ့ ငါနားညီးတယ်​ဟို​ကောင်​မင်းမိန်းမဆီ မဟုတ်​ဘူး မင်းယောက်ျားဆီ သွား​နေ ငါ့​ရှေ့စပ်​ဖြီးဖြီး မျက်​နှာနဲ့ လုပ်​မ​နေနဲ့​သောက်​မြင်​ကပ်​လာပြီ"

အိပ်​ယာ​ပေါ်က​နေ​စောင်​ခြုံ၍ ပိတ်​အော်​နေ​သော သနားစဖွယ်​FA ဂိုဏ်းချုပ်​လေးအား ကြည့်​ကာ သူတို့နှစ်​ယောက်​ဂရုနာသက်​မိ၍ အခန်းပြင်​ထွက်​ခဲ့လိုက်​ကြ၏။ ရဲမာန်​ခေါင်းမြှီးခြုံပြီး ငိုများ​နေသလား။

..................

"မင်း ရည်းစားက Tom လား"

"မဟုတ်​ပါဘူး"

"မသိဘူး​လေ ဟို​ကောင်​က​ယောကျာ်း မိန်းမ ရှုပ်​ရှက်​ခက်​အောင်​ပြောလိုက်​လို့"

အာကာ့အ​မေးအား ကမ္ဘာက ရယ်​လျှက်​ဖုန်း​ထောင်​ပြပြီး

"သူ့ဆီ ဖုန်းဆက်​လိုက်​ဦးမယ်​"

ဟု​ပြောကာ ဖုန်း​ခေါ်​နေ၏။ တစ်​ခါ​ခေါ်၍မကိုင်​ဒုတိယအကြိမ်​မြောက်​ပြန်​ခေါ်​နေ၏။

"မင်းဟာကလည်းကွာ​ချေလိုက်​တာ ငါ့သာဒီလိုဆို တစ်​ခါထဲ ဖြတ်​ပြစ်​မှာ"

ထိုအချိန်​တစ်​ဖက်​မှ ဖုန်းကိုင်​လိုက်​၏။ အသံကြား​တော့ သူပင်​ကျတ်​သေ​သေ​လေပြီ။

:အင်း​ပြော

:ကိုဈာန်​ထမင်းစားပြီးပြီလား

'လခွမ်း! ကိုဈာန်​တဲ့လား​ပြော​တော့ ရည်းစားဆီဆက်​တာဆို ဘာလို့ ကိုဈာန်​ဖြစ်​နေရတာလဲ မဟုတ်​မှ ကိုဈာန့်​အသိ​ကောင်​မ​လေးနဲ့ များလား ဟုတ်​မှာပါ​လေ '

:အင်း

:လွမ်း​နေပြီ အခု ကျွန်​တော်​လာခဲ့မယ်​နော်​

:ဘာလုပ်​ဖို့လဲ

:ကျွန်​တော်​လွမ်းလို့ ကိုဈာန့်​ကို​တွေ့ချင်​နေပြီ

'ဘုရား​ရေ!​သေနာ မင်းကမ္ဘာ အတည်​ကြီး ကိုဈာန်​နဲ့လား ဒါ​တွေက မ​နောက်​ကောင်းဘူး​လေ​နော်​'

အာကာ ခမျာ မျက်​လုံးအပြူးသား ပါးစပ်​အ​ဟောင်းသားနှင့်​ပြန်​၍ပင်​မပိတ်​နိုင်​ရှာ။
'ငါနားကြားလွဲတာလို့ ပြန်​ပြောစမ်း'

:​နော်​လို့ ကိုဈာန်​ကျွန်​တော်​လာခဲ့မယ်​စာကျတ်​တာ မပျက်​စေရပါဘူး

အား...ကမ္ဘာ မင်းဘာလို့ လင်​မူသံနဲ့​ပြော​နေရတာလဲ။ တဖက်​မှ အ​တော်​လေး အသံတိတ်​နေပြီး 'အင်း' တစ်​လုံးသာ ထွက်​လာရှာ၏။ ကိုဈာန်​က Gay လား။ ကမ္ဘာ က​ရော ဘယ်​အချိန်​ကတည်းကလဲ။ ငါ​မေးခွင့်​ရှိမလား။

ကမ္ဘာ က ဖုန်းချလိုက်​တာ​တောင်​ဖုန်း စခရင်​အား အနမ်း​ပေး​နေ​သေး၏။ ဒါတကယ်​လွန်​၏။

"ကမ္ဘာ အတည်​ကြီးလား"

သူ့အ​မေးအား ပြုံး၍ မျက်​ခုံး နှစ်​ဖက်​ပင့်​တင်​ပြ​လေ​သော အ​မောင်​ကမ္ဘာ။ ထို့​နောက်​ထွက်​သွားရန်​ပြင်​တော့

"ဘယ်​လဲ"

ကမ္ဘာ ထံမှ ရလာ​သော အ​ဖြေစကားမှာ​သွေးအန်​ချင်​ဖွယ်​တည်း။

"လွမ်း​နေတာ အလွမ်း​ပြေ သွား​တွေ့မလို့"

'လဒ​ကောင်​တကယ်​ကြီးဟ ဒါကိုငါ့ကို မ​ပြောပြဘူး ငါလည်း ထူးထူးဆန်းဆန်း​တွေ သိချင်​တာ​ပေါ့ အရင်​ကတည်းကသိရင်​ပိုးပန်းရာတူတူအ​ဖော်​ရတာကို'

#########

Senpai is my BoyfriendWhere stories live. Discover now