7(Unicode)

1.7K 159 0
                                    

..............

"ဟာ ညီ လာပြီလား ခဏ​စောင့်​ဦး​နော်​ကိုယ်​စာအုပ်​တွေ ယူလိုက်​ဦးမယ်​"

"ဒီမှာ မလုပ်​ဘူးလား"

"အခြားသူ​တွေနဲ့ဆို အ​နှောင့်​အယှက်​ဖြစ်​မှာဆိုးလို့"

အ​ဆောင်​က ကိုယ့်​အခန်းနှင့်​ကိုယ်​ဆို​ပေမဲ့ ဧည့်​ခန်း​တော့ သီးသန့်​မဟုတ်​ပေ။ ထို့​ကြောင့်​ကိုယ့်​အခန်းထဲမှ မဟုတ်​လျှင်​စာလုပ်​၍ အဆင်​မ​ပြေနိုင်​။ ကမ္ဘာ အား သူ့အခန်းထဲသို့​ခေါ်ရမည်​ကို အဘယ်​ကြောင့်​မှန်းမသိ သူရှက်​မိပြန်​၏။ ထို့​ကြောင့်​အခြား​နေရာတွင်​သာ စာလုပ်​ရန်​စဉ်းစားမိခြင်းပင်​။

"ကိုဈာန်​ရဲ့ အခန်းထဲ​ရော အခန်း​ဖော်​ရှိလို့လား"

"ကိုယ့်​အခန်းက တစ်​ယောက်​ထဲ​နေတာပါ ညီအဆင်​မ​ပြေမှာဆိုးလို့"

"ကျွန်​တော်​အဆင်​ပြေပါတယ်​"

"ဒါဆို လာ​လေ "

သူ့အတွက်​အဆင်​မ​ပြေသည်​ကို​တော့ မ​ပြောဖြစ်​တော့​ပေ။ ကမ္ဘာ ကို အခန်းထဲသို့သာ​ခေါ်လာခဲ့လိုက်​ရ​လေ​တော့တယ်​။

"ကိုဈာန်​အခန်းက သန့်​နေတာဘဲ ကျွန်​တော်​တို့နဲ့ တခြားဆီ"

"ကိုယ်​က အိမ်​မှာလည်း ကိုယ့်​ဟာကိုယ်​ရှင်းတာဆို​တော့ အကျင့်​ဖြစ်​သွားလို့"

"ကိုဈာန်​က ဘယ်​ကလဲ မန်း​လေးက​တော့ မဟုတ်​ဘူးမလား"

ကမ္ဘာ့ အ​မေးစကား​ကြောင့်​ကိုဈာန်​က ရယ်​လျက်​

"အင်း ကိုယ်​က မိုးကုတ်​က​လေ ထိုင်​လေညီရဲ့"

သူက မထိုင်​ဘဲ မတ်​တပ်​ရပ်​ကာ​လျှောက်​ကြည့်​နေသဖြင့်​ကိုဈာန်​က ထိုင်​ခိုင်းခြင်းဖြစ်​သည်​။ ပလပ်​စတစ်​ထိုင်​ခုံ နှစ်​ခုံရှိပြီး စားပွဲတစ်​လုံးလည်းအဆင်​သင့်​ရှိ​နေသည်​။

အားလုံးပြင်​ဆင်​ပြီး ကိုဈာန်​ကလည်း ကျတ်​ပြီးသား စာများကို အလွတ်​ချ​ရေး​နေသည်​။ သူ​ရောကိုဈာန်​ပါ နှစ်​ဦးစလုံး စာကျတ်​လျှင်​အသံမထွက်​ကြသည်​က အ​တော်​ပင်​အဆင်​ပြေလှ​လေတယ်​။ သူကိုဈာန်​အိပ်​ယာအား ကြည့်​မိ​တော့ ဘာမဆိုင်​ညာမဆိုင်​ရင်​ခုန်​ပြန်​၏။ သူလမ်း​လျှောက်​နေရင်း အိပ်​ယာထပ်​သို့ လှဲချလိုက်​၏။

Senpai is my BoyfriendWhere stories live. Discover now