9(Unicode)

1.7K 154 1
                                    

.....................

"ဟိုနား သွားထိုင်​မယ်​"

ကမ္ဘာ က ကိုဈာန်​လက်​အား ဆွဲကာ အရိပ်​ရ​သော သစ်​ပင်​ကြီး​အောက်​သို့ ညွှန်​ပြ၏။
ဘုရားအ​ရောက်​တွင်​တော့ စာကျတ်​ရန်​အ​ကြောင်းပြကာ​ရောက်​ရှိ​နေ​သော ဟသာင်္​မောင်​နှံများ​ကြောင့်​သူတို့မှာ ဘုရားနားပင်​မကပ်​နိုင်​ကြပါ။ ဟင်္သာ​မောင်​နှံများ​ရှောင်​ရှားရင်းဖြင့်​ဘုရားဝင်းထဲကပင်​ကျော်​ခဲ့​လေပြီ။

"စိတ်​ပျက်​စရာကြီးကွာ မျက်​စိကို​နောက်​တယ်​"

သူ စိတ်​ရှုပ်​သံဖြင့်​ညည်းညူလိုက်​သံ​ကြောင့်​ကမ္ဘာ က ရယ်​လျှက်​ပင်​

"ကိုဈာန်​က​ရော ဒီလို​တွေ မသွားဘူးလား"

"ဟင့်​အင်း ကိုယ်​ရည်​စားထားတုန်းကလဲ မသွားဖြစ်​ဘူး ဆိုင်​ထိုင်​စကား​ပြော ခဏ​တွေ့ယုံ​လောက်​ပါဘဲ"

"ဟုတ်​လား ကျွန်​တော်​က​တော့ သူတို့ကို အားကျတယ်​"

ကမ္ဘာ က ရီ​ဝေ​ဝေ မျက်​လုံးများဖြင့်​သူ့အားကြည့်​လာ​သော​ကြောင့်​ရှိန်းတိမ်းတိမ်း ခံစားချက်​များ ပင်​ဖြစ်​ပေါ်၍ လာ၏။ လွဲမှားမှုကြီး ဒါဘယ်​လိုလွဲမှားမှုမျိုးလဲ။ ငါ စကားလမ်း​ကြောင်း လွှဲသင့်​တယ်​ဟုတ်​တယ်​လွှဲရမယ်​။

"စာကျတ်​မယ်​လေ​စာမကျတ်​ရဘဲ မှောင်​သွားလိမ့်​မယ်​"

သူ ထိုမျက်​လုံးများအား မျက်​ကွယ်​ပြု၍ စာအုပ်​ထုတ်​ကာ ကြည့်​နေလိုက်​တယ်​။ သို့​သော်​စာအုပ်​ထဲတွင်​စာလုံးများအား သူမမြင်​ပေ။ အဘယ်​ကြောင့်​ဆိုလျှင်​သူ့စိတ်​မသက်​သာ၍ဖြစ်​လိမ့်​မည်​ဟု သူထင်​မိပါသည်​။

"ကိုဈာန်​စာကျတ်​မယ်​ဆိုပြီး စာတွက်​မလို့လား"

"ဟမ်​"

ကမ္ဘာ​ပြောမှ သူ​သေချာကြည့်​မိ၏။ ထိုအခါ သူ့လက်​တွင်းမှ အကြမ်း​ရေး​ပြောင်​စာအုပ်​အား မိန့်​မိန့်​ကြီး​တွေ့လိုက်​ရ​လေ၏။

"အင်း ခု​တော့မတွက်​ချင်​တော့ပါဘူး"

သူ အရှက်​ပြေ​ပြောကာ အခြားစာအုပ်​တစ်​အုပ်​ကိုသာ​ကောက်​ကိုင်​လိုက်​ရတယ်​။ ထိုစာအုပ်​မှာ​နောက်​ဆုံးမှ​ဖြေမည့်​မေဂျာ 3106 သာလျှင်​ဖြစ်​၏။
'ငါ​မေဂျာ 3101 အပြတ်​ဖျက်​မယ်​လို့​တွေးထားတာကို'

Senpai is my BoyfriendWhere stories live. Discover now