အပိုင်း-11

7.9K 612 21
                                    

.....................

သူ ကိုဈာန်​ဆီ​ရောက်​​တော့ ရှက်​​နေတဲ့ ကိုဈာန်​က သူ့အားကြည့်​မလာပါ။ ကမ္ဘာ အသည်းယား လွန်းလို့ ​မွေ့ရမ်းပြစ်​ချင်​လာ၏။

"ကိုဈာန်​ ကျွန်​​တော့်​ကို တစ်​ချက်​​လောက်​ ကြည့်​ပါလား"

"ဟင်​ ဘာလို့လဲ"

"ချစ်​လို့"

"အာ..."

ဈာန်​ညွှန်းခမျာ ရှက်​လွန်း၍ မည်​သို့ပင်​ ​နေရမည်​မသိ​ပေ။ ဒါကတည်းက ထို​သောက်​က​လေးက မျက်​နှာ ​ပြောင်​လွန်း၏။

"စာ​မေးပွဲ ​ဖြေရ​တော့မယ်​ စာမကျတ်​ဘဲ ဘာလာလုပ်​တာလဲ"

"စာ​တွေက ရပြီ ကိုဈာန်​ကို လွမ်းလို့"

ကမ္ဘာ စကား​ကြောင့်​ ဈာန်​ညွှန်းမှာ​တော့ ဟိုလုပ်​ဒီလုပ်​ ဂ​ယောက်​ဂယက်​ ဖြစ်​​နေရှာ၏။ ကမ္ဘာ က ဈာန်​ညွှန်းလက်​အား လာဆွဲ​တော့ သူလန့်​၍ပင်​ ပြန်​ရုန်းမိ၏။

"ဟာကွာ ငါမိန်းက​လေး မဟုတ်​ဘူးကွ"

သူထိုသို့ ​ပြော​တော့ ကမ္ဘာ ကရယ်​ပြန်​၏။

"အင်း မိန်းက​လေးမဟုတ်​မှန်း ကျွန်​​တော်​သိတယ်​​လေ ဒါ​ပေမဲ့ အမြဲ ကိုင်​ထားချင်​​တော့လည်း အခက်​သား"

"​တော်​ပြီ ကမ္ဘာ မင်းမျက်​နှာမ​ပြောင်​နဲ့ ငါမ​နေတက်​ဘူး"

"'ကိုယ်​'လို့ မ​ပြော​တော့ဘူးလား"

သူ ကမ္ဘာ မျက်​နှာအား​မော့ကြည့်​မိ​တော့ မျက်​လုံးတစ်​ဖက်​ပင်​ မှိတ်​ပြခြင်းကို ခံလိုက်​ရ​လေ၏။ ဒါလုံးဝမ​ကောင်းဘူး ငါရင်​တုန်​တယ်​ကွ။

"ကိုဈာန်​ ရှက်​​နေတာ ကျွန်​​တော့်​ကို ဒုက္ခ​ပေး​နေသလိုဘဲ "

"ဟင်​"

'ငါ့ဟာငါ ရှက်​တာ ဘာဖြစ်​လို့လဲ ဘာ​ကြောင့်​များ မင်းကိုဒုက္ခ​ပေး သလို ဖြစ်​မှာလဲ'

သူ့အကြည့်​များအား နားလည်​သည့်​ပမာ

"ကိုဈာန်​ ရှက်​​နေရင်​ ချစ်​ဖို့​ကောင်းလွန်းလို့ နမ်းမိရင်​လည်း ကိုဈာန်​က စိတ်​ဆိုးမှာ မဟုတ်​လား"

Senpai is my BoyfriendWhere stories live. Discover now