သူထိုသို့ ကြည့်​နေစဉ်​cb မှ စာဝင်​လာ၍ ကြည့်​လိုက်​တော့ မင်းကမ္ဘာ ဆီမှ။

: ကိုဈာန်​စာကျတ်​ပြီးပြီးလား

:အင်း ညီ​ရော စာ​တွေရပြီလား

ဈာန်​ညွှန်းဆိုသည်​မှာ ဤသို့ပင်​လေရှည်​တက်​လေသည်​။

:ဘယ်​လို​ပြောရမလဲ​ရှေ့ကျတ်​နောက်​မေ့ဘဲ😁😁

:စာ​မေးပွဲ ခန်းထဲ​ရောက်​ရင်​ပြန်​မှတ်​မိပါတယ်​စိတ်​မပူနဲ့

ဤသို့နှင့်​အချိန်​အ​တော်​ကြာ အပြန်​အလှန်​စာပို့​နေမိကြတယ်​။

:ကိုဈာန်​မနက်​ကျောင်း သွားဦးမှာလား

:မသွား​တော့ဘူး စာကျတ်​တော့မယ်​

:ကျွန်​တော်​ကို​ရော တူတူစာကျတ်​ဖို့ မဖိတ်​ချင်​ဘူးလား😉😉

:ညီ လာကျတ်​ချင်​ရင်​လာ​လေ welcome

:တကယ်​လား ကျွန်​တော်​တကယ်​လာမှာ​နော်​

:အင်း တကယ်​ကွာ

:ဒါဆို ကျွန်​တော်​မနက်​ဖြန်​လာခဲ့မယ်​နော်​8 နာရီ​လောက်​

:အင်း

သူတို့အချိန်​ညဉ့်​နက်​မှ အိပ်​ဖြစ်​သွားကြတယ်​။
'ငါဘာလို့ ဒီ​လောက်​လေ​ပေါတာပါလိမ့်​ဟိုက​လေးက တကယ်​လာမယ်​ထင်​တယ်​'

..............

မင်းကမ္ဘာ အိပ်​လို့ပင်​မ​ပျော်​ကိုဈာန်​က သူနှင့်​အချိန်​တော်​တော်​ကြာ စာပို့​နေခဲ့သည်​တစ်​စက္ကန့်​လေး​တောင်​တုံ့ဆိုင်းမ​နေဘူး။​နောက်​ထပ်​သိခဲ့သည့်​ပျော်​စရာတစ်​ခုက ကိုဈာန်​က လက်​ရှိ၌ ရည်းစားမရှိခြင်းပင်​။ သူနီးစပ်​ရန်​အမျိုးမျိုး ကြံစီရမည်​။ သူတို့​တွေ့ဖို့ မလွယ်​တော့ဟု ထင်​မိသည်​က မနက်​ဖြန်​တစ်​နေကုန်​တွေ့ရ​ပေဦးမည်​။​ပျော်​လိုက်​သည့်​ဖြစ်​ခြင်း။​နောက်​နေ့​တွေပါ ကိုဈာန်​ဘေးမှာ ရ​အောင်​တွယ်​ကပ်​နေမည့်​အမျိုးသား မင်းကမ္ဘာ​လေး Fighting ။

မနက်​စော​စောထ၍​ရေချိုးကာ ပြင်​ဆင်​နေ​သော ကမ္ဘာ အား တစ်​အိမ်​ထဲအတူ​နေကြသည့်​ရဲမာန်​ကြည့်​ကာ မျက်​စိပင်​နောက်​လာ၏။

"မင်း စာကျတ်​သွားမှာလား ရှိုးသွား​လျှောက်​မှာလားကွာ"

"အချစ်​ရှိရာ သွားမှာကွ စုတ်​ပျက်​နေလို့ ဖြစ်​မလား"

ကမ္ဘာဆိုသည့်​ကျောက်​မဲ​ခွေး​လေး ပြန်​ကိုက်​နေခြင်းအား ရဲမာန်​ခေါင်းရမ်းမိ၏။ နှာမီး​လေးမ​တောက်​မ​တောက်​နဲ့​တောက်​ပြန်​တော့လည်း မီးမုန်​တိုင်းကြီးကိုး။

"ငါနဲ့ အာကာ​ရောလိုက်​ခဲ့မယ်​"

သူ့စကားအား ကြား​တော့ ဆံပင်​ဖြီး​နေရာမှ ကမ္ဘာ လှည့်​ကြည့်​လာကာ

"အာကာက မဆုလဲ့နားက​နေ ခွာချ​တောင်​မကွာပါဘူးကွာ မင်းသာ နှစ်​တစ်​သောင်း FA လုံးလုံးဖြစ်​ပြီး တစ်​သက်​လုံး ဝဋ်​ကျွတ်​မယ့်​ကောင်​မဟုတ်​ဘူး"

ထိုစကားအားကြား​တော့ ရဲမာန်မှာ နှလုံး​သွေးများပင်​အန်​ချင်​လာ၏။

"ငါလိုက်​မယ်​ဒါဆိုလဲ ကိုဈာန်​ဆီ ဖုန်းဆက်​ပြောမယ်​ငါ​ရောလိုက်​ချင်​တယ်​လို့"

"လက်​ရှိ ဝဋ်​သာ ကုန်​အောင်​လုပ်​ဦး သူများ​တွေကြား ဝင်​မရှုပ်​နဲ့ ဆယ်​သက်​လုံး ငှက်​ပျောတုံး​တောင်​မင်းနဲ့ မဖတ်​ချင်​ဘူး ဖြစ်​နေမယ်​"

"သူ​တောင်းစား"

​ပြော၍​ပြေးထွက်​သွား​သော ကမ္ဘာ၏​ကျောပြင်​အား​ဘီးနှင့်​လှမ်းထုကာ အဆဲများ လက်​ဆောင်​ထည့်​ပေးလိုက်​လေ၏။

################

Senpai is my BoyfriendWhere stories live. Discover now