"မြန်​မြန်​ရှာပါ နင်​ဟာ​လေ​နှေးလိုက်​တာ ငါနဲ့​နေရာလဲမလား​ယောကျာ်း​လေး ဖြစ်​ပြီး​တော့ကို"

"ငါ့လက်​က​မော်​တာမှ မဟုတ်​တာ လာမရိုက်​စမ်းနဲ့"

မျက်​မှောင်​ကြီးကျုံ့လျက်​လက်​အား ပြန်​လှန်​ချလိုက်​သောအခါ သူအသံထွက်​မတက်​ပင်​ရယ်​မိ၏။

"ဇီဇာကိုကို"

သူတိတ်​တိတ်​လေး အမည်​ပေးလိုက်​လေ​တော့တယ်​။

"ခုံနာမ်​ပါတ်​ဘယ်​လောက်​လဲ​မောင်​လေး"

သူ့အားကြည့်​ကာ​မေးလာသည့်​ထိုတရုတ်​အမ ။ ချိုပြုံးပြုံး မျက်​နှာအား သူမျက်​နှာ​သေနှင့်​ပြန်​ကြည့်​ပေးလိုက်​ကာ

"တစ်​ဒ 90"

"ဆရာကန်​တော့ပွဲအတွက်​........
....."

ထုံးစံအတိုင်း ရှည်​လျား​ထွေပြားစွာ ရှင်းပြ​နေသည်​လေ။ သူ အနီနှစ်​ရွက်​ထုတ်​ကာ လှူလိုက်​တော့ ထိုအကိုကပါ ပြုံးပြ၍

"​ပြောရဆိုရ လွယ်​တဲ့သူ​တွေကြည့်​ဆိုရင်​ကောင်းမယ်​"

သူ့ဆီသို့​ကျောင်းသားကဒ်​ထိုး​ပေးချိန်​ဘေးက အမကပင်​ဖျတ်​လု၍ သူ၏ နာမ်​မည်​အား အမိအရဖတ်​လေ၏။

"မင်းကမ္ဘာ​မောင်​လေး King ဝင်​ပြိုင်​ပါ့လား"

သူ ပြန်​မ​ဖြေမိပါဘဲ အမည်​မသိ အပြုံးတစ်​ခုကိုသာ ပြုံးပြလိုက်​၏။ အကိုကြီး မဂ္ဂဇင်း တစ်​အုပ်​နှင့်​မုန့်​စားကဒ်​နှစ်​ခု​ပေးလှမ်း​ပေးချိန်​တွင်​တော့​ဘေးကအမ မယူခင်​အမိအရ သူယူလိုက်​တယ်​။စာအုပ်​ကိုတင်​ကိုင်​ရိုးလား။ နူးညံ့လိုက်​တဲ့ထိ​တွေ့မှု​လေး။ သူမလွှတ်​ချင်​ပေမဲ့ အာကာတို့​ကျောင်းသားကဒ်​အား ရှာ​ပေးရဦးမယ်​ဖြစ်​၍ နှ​မျောသသ ဖြစ်​လျက်​သာ လက်​လွှတ်​ရ၏။

...................

"E.C အမကြီး​ချောချက်​ကွာ မရဘူး ငါ​နေ့တိုင်း​ကျောင်းလာမယ်​"

အာကာ ၏ အရှက်​မရှိ​အော်​ဟစ်​နေမှုအား ရဲမာန်​မှာ အ​ပေါက်​လိုက်​ပိတ်​နေ၏။ သူက​တော့​အေး​ဆေးစွာ ပိ​တောက်​လမ်းရှိ ကန်​ဘောင်​ပေါ်တွင်​ထိုင်​လျက်​Game play​နေ​တော့တယ်​။

"​ရှေ့ကပန်းကန်​ပြားငမ်းမ​နေနဲ့​နောက်​ကဝါးရင်းတုတ်​နဲ့ တိုး​နေမယ်​"

"ဘာလဲ ငါ့ဟာငါ တရုတ်​မမကို ချစ်​တာ"

အာကာ၏ ဆယ်​သက်​လောက်​စွဲကပ်​နေ​သော​ရောဂါသည်​ပမာ ပြုမူ​နေမှု​ကြောင့်​ရဲမာန်​မှာ -င်​ပင်​ပိတ်​ကန်​ချင်​လာတယ်​။

"သူ့​ဘေးက အကိုကြီးက မင်းထက်​ဆယ်​ဆ​လောက်​သာတယ်​သ​ဘော​ပေါက်​ကမ္ဘာလိုက်​ရင်​သာ ရမယ်​ငါတို့ဆို အနားကပ်​မလာနဲ့ဘဲ"

ဤ အသံများ​ကြောင့်​ကမ္ဘာ Game play ခြင်းကို ရပ်​နားလိုက်​ကာ သူတို့စကားဝိုင်းအား အာရုံစိုက်​မိ၏။

"​ဘေးက အကိုကြီးနဲ့ ဘာအကန့်​မှမရှိဘူး​သေချာ​ပေါက်​ငါ​ပြောရဲတယ်​"

"မင်း ဘယ်​သူက​ပြောလဲ"

"ဒါ​တော့ ငါလည်း လက်​ခံတယ်​သူတို့ကအရှင်းကြီး"

ကမ္ဘာ ပါဝင်​လာ​သော​ကြောင့်​အာကာမှာ စစ်​တပ်​တစ်​တပ်​ပိုင်​ဆိုင်​လိုက်​ရသူပမာ။

"ဒါဆိုလဲ​နေ့တိုင်းလာပြီး မင်းက တရုတ်​မမကိုshow ငါက ပန်း​ရောင်​ကိုကြီးကို Show မယ်​ကွာ ဘယ်​လိုလဲ"

ရဲမာန်​ထိုသို့​ပြောလိုက်​ပြီးသောအခါ သူ့​ဘေးရှိ​လေထု ရပ်​ဝန်းမှာ​အေးခဲ လာသ​ယောင်​။ ငါအထင်​မှားတာ​နေမှာပါ။

သူမသိသည်​က သူ့​ဘေးရှိ အမျိုးသား၏ မျက်​ဝန်းထဲ၌ ထိရဲထိကြည့်​ဟူ​သော အဓိပ္ပါယ်​များကိုပင်​။

##############

Senpai is my BoyfriendWhere stories live. Discover now